Thursday, September 30, 2010

ကဗျာနဲ့စကားပြေ

ကျနော်တို့ဟာ တလျှောက်လုံး၊တသက်လုံး ကဗျာတွေ၊စကားပြေတွေကို ပြောလာခဲ့ကြတာပါ။
လူအမျိုးအနွယ်ကြီးတစ်ခုလုံးဟာလည်း ဒီအတိုင်းပါပဲ။တလျှောက်လုံး ကဗျာတွေ၊စကားပြေတွေကို
ပြောလာခဲ့ကြတာပါ။
လူ့အနွယ်ကြီးကတော့ စာပေစကားပြေကိုမရေးခင် ကဗျာကို ပထမဆုံး ရွတ်ဆိုကျက်မှတ်ရေးသားခဲ့
တယ်လို့ ဆိုနိုင်မယ်ထင်ပါတယ်။
ကဗျာဟာ ခံစားချက်ကိုဖော်ပြတဲ့ ဘာသာစကားဖြစ်ပြီး စကားပြေကတော့ ဆင်ခြင်တုံတရားကို ဖော်ပြတဲ့
ဘာသာစကားလို့ဆိုချင်ပါတယ်။
ကဗျာဟာနှလုံးသားရဲ့ ဘာသာစကားဖြစ်ပြီး စကားပြေဟာ ဦးနှောက်ရဲ့ ဘာသာစကား ဖြစ်တယ်။
ကဗျာဟာ ရင်ခုန်သံဖြစ်ပြီး စကားပြေဟာ စဉ်းစားဥာဏ် ဖြစ်ပါတယ်။

ဆရာမြသန်းတင့်နှင့် နိုင်ငံတကာစာပေရှုခင်း မှ ကူးယူဖော်ပြပါသည်။
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment