Thursday, September 30, 2010

ခွင့်ပြုချက်

ရထား-ကျနော်ကို၅မိနစ်လောက် နောက်ကျခွင့်ပေးပါ
ဘူတာရုံ-ဘာကြောင့်လဲ
ရထား-ပထမတစ်မိနစ်က အဝေးကြီးကနေ ကျနော့်ကိုတွေ့ဖို့လာနေတဲ့ လူတွေကိုစောင့်ဖို့
ဒုတိယတစ်မိနစ်က အိပ်ပျော်နေတဲ့ လူတချို့ကိုနှိုးဖို့
တတိယတစ်မိနစ်ကလူတချို့ကို သူတို့ရဲ့ ဖိနပ်တွေ စီးခွင့်ပြုဖို့
စတုတ္ထတစ်မိနစ်က လူတချို့ကို တစုံတခု ဆုံးဖြတ်စေဖို့
ပဉ္စမတစ်မိနစ်က လူတချို့ကို သူတို့ရဲ့ နောက်ဆုံးစကားတွေ ပြောခွင့်ပြုဖို့

တာရာမင်းဝေ


ဖတ်ထားမိတာလေးတွေ ကြိုက်လို့
သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment