Thursday, September 30, 2010

ထွက်ပေါက်

ဘယ်သူလဲ
တံခါးတချပ်ဖွင့်မှာ
မုန်တိုင်းဟာ ငါတို့ဆီ ရောက်လာခဲ့တယ်
သူစိမ်းဆန်တဲ့ နံနက်ခင်းတွေက
နွေးထွေးတဲ့နေရောင်ခြည်ကို
ရက်စက်စွာဖွက်ထားပြီး
သစ္စာမဲ့တဲ့လေပြေတွေက
ပန်းရနံ့တွေ သယ်ဆောင်ဖို့
ပျက်ကွက်ခဲ့တယ်
အဲဒီနေ့၇က်တွေဟာ
ီ ငါတို့ဆီိ
အတိအကျရောက်လာခဲ့တယ်
မပိတ်နဲ့
အဲဒီဖွင့်ထားတဲ့တံခါးတွေ
မုန်တိုင်းကိုဖယ်ပြီးမြင်ရမဲ့ လမင်းက
ငါတို့အတွက်ပိုပြီးလင်းလက်လိမ့်
ရက်စက်တဲ့နံနက်ခင်းကို
နွေးထွေးတဲ့နေရောင်ခြည်တွေဆီခေါ်သွားပြီး
သစ္စာမဲ့တဲ့လေပြေတွေထဲ
ပန်းရနံ့တွေလောင်းထည့်ကြမယ်
ငါတို့ဟာ မနက်ဖြန်ရဲ့ တံခါးပေါက်တွေဖြစ်တယ်
ပြီးတော့ မနက်ဖြန်ရဲ့ လမင်းတွေလဲ ဖြစ်တယ်
ငါတို့ဟာ မနက်ဖြန်ရဲ့ နံနက်ခင်းတွေဖြစ်တယ်
ပြီးတော့ မနက်ဖြန်ရဲ့ နေရောင်ခြည်တွေလဲ ဖြစ်တယ်
ငါတို့ဟာ မနက်ဖြန်ရဲ့ ဥယျာဉ်မှူးးတွေဖြစ်တယ်
ပြီးတော့ မနက်ဖြန်ရဲ့ ပန်းပွင့်တွေလဲ ဖြစ်တယ်....
...............
......................
တံခါးတချပ်ကိုဖွင့်ပြီး
ငါတို့....
မုန်တိုင်းကို
ရင်ဆိုင်ကြမယ်........

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment