Thursday, September 30, 2010

ဘောလုံး

သူ့နောက်ကို
ပြေးလိုက်လာကြတယ်
ပိုင်ဆိုင်ချင်သူတွေ
အလုအယက်ပါပဲ
သူ့ကို အပေးအယူလုပ်ကြပြန်တယ်
ပြီးတော့ သူ့ကို
မညှာမတာ ကန်ထုတ်ကြတယ်
လူနှစ်ယောက်ကတော့
သူ့ကိုပွေ့ဖက်ဖို့ကြိုးစားလို့
သူတခါတလေ
ဘောင်ခတ်ထားတဲ့
ပိုက်ကွန်ထဲရောက်သွားတဲ့အခါ
လူတချို့ကခုန်ပေါက်ပျော်ရွှင်လို့
လူတချို့ကတော့ ဝမ်းနည်းပက်လက်
ဝမ်းဗိုက်ထဲ လေအပြည့်ရှူသွင်းပြီး
နားလည်ရ ခက်တဲ့လူတွေရဲ့
ခြေထောက်တွေကြား
သူတော့ အလူးလူးအလှိမ့်လှိမ့်
မြက်ပင်တွေ
မိုးရေတွေ
နှင်းတွေကြားမှာပေါ့လေ...


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment