Thursday, September 30, 2010

ပျိုးပင်ကလေးတွေ

နံနက်ခင်းဟာ လေပြေတွေနဲ့အေးမြပြီး နေရောင်တွေနဲ့တောက်ပ လှချင်တိုင်း လှနေခဲ့ပါတယ်
ညက နေဝင်းမြင့်ရဲ့ ဝတ္ထုတို စာအုပ်လေး ဖတ်ပြီး တော်တော် ညနက်မှ အိပ်ဖြစ်တယ်
”အိမ်” ဆိုတဲ့ အက်ဆေးလေးကို ဖတ်ရင်း ကျွန်တော့် စိတ်တွေလည်း ဟိုးပြည်ရွှေဘိုမြို့နားက
အညာရွာကလေးဆီ အတွေးနဲ့ေ၇ာက်သွားခဲ့တယ်
ကျွန်နော်တို့ရွာလေးဟာ တမာပင်တွေ၊ကုက္ကိုရ်ပင်တေ၊ွလက်ပံပင်တွေနဲ့ အရမ်းချစ်စရာကောင်းတဲ့
ရွာကလေးပါ ၇ွာခေါင်းရင်းက ဖြတ်စီးသွားတဲ့ မူးမြစ်ကမ်းတလျှောက် စိမ်းလန်းတဲ့ ပဲခင်းတေ၊ွ ပြောင်းခင်းတွေ
မြေပဲခင်းတွေတလျှောက် ဖြတ်တိုက်လာတဲ့ လေလတ်လတ်ဆတ်ဆတ် ရှူရှိုက်ရတာကို ဘယ်တော့မှမမေ့ခဲ့ဘူး
ရွာရဲ့ဘေးပတ်ပတ်လည်မှာတော့ စိမ်းလန်းတဲ့ စပါးခင်းတွေက မြကော်ဇောခင်းထားသလားထင်ရရဲ့
ကတ္တရာလမ်းမရှိဘူး၊နိုက်ကလပ်မရှိဘူး၊ရှော့ပင်းမောတွေမရှိဘူး၊ဘီယာဆိုင်မရှိဘူး ဒါပေမယ့် ရွာကလေးဟာ
ကျွန်တော်တို့အတွက် အားလုံးပြည့်စုံပါတယ်
ရွာနံဘေးကစပါခင်းတွေငေးကြည့်ရင်း ငယ်ငယ်က အဖေနဲ့ စပါးပျိုးထောင်လိုက်ခဲ့တာကို သတိရမိတယ်
ပျိုးခင်းကလေး ဟုတ်တယ် ကျွန်တော်တို့စားနေတဲ့ ဆန်တွေဖြစ်လာဖို့ အဲဒီ ပျိုးခင်းကလေးက စခဲ့တာပေါ့
ပျိုးမထောင်ခင် ပျိုးခင်းကိုထယ်ထိုး ရေသွင်းပြီး ထွန်နဲ့ နှစ်ရက်လောက်ကောင်းကောင်း ထွန်ရပါတယ်။ဒါမှ
ပျိုးခင်းထဲမှာရှိတဲ့အမှိုက်ပင်တွေပေါင်းပင်တွေ ဟာ အမြစ်ပြတ်အကုန်သေပြီး ပုတ်ကုန်တယ်လေ
အဖေက နွားနှစ်ကောင်နဲ့ ရုံးနေချိန်မှာ ကျွန်တော်တို့ ကလေးတွေက အဲဒီအမှိုက်တွေကုန်အောင်
်ကောက်ရပါတယ် မကုန်စင်ဘူးဆိုရင် အဲဒီအမှိုက်ပင်တွေဟာ ပြန်ရှုင်သန်လာပြီး ပျိုးပင်လေးတွေကို
အန္တရာယ်ပေးတတ်ပါတယ် ... ထယ်ရေးကောင်းကောင်း ကိုင်ပြီး အမှိုက်တွေ စင်သွားတာနဲ့ ပျိုးကြဲပျိုးထောင်လို့
ရပါပြီ
ပေါ့ ..ပျိုးမထောင်ခင်ညမှာ ပျိုးစပါးတွေကို ရေဖြန်း၊နောက်ရက်ကျတော့ေ၇လေးစပ်စပ်သွင်းထားတဲ့
ပျိုးခင်းထဲမျိးစပါးတွေနှံ့အောင်ကြဲထား ၊ တညသိပ် ပြီးတာနဲ့ ရေတွေဖောက်ထုတ်ပစ်ရတယ်
ဒါမှစပါးပင်ကကလေးတွေ မပုတ်တော့ဘူးပေါ့ ပေါက်လာတဲ့ပျိုးပင်ကလေးတွေ နည်းနည်း၇ှည်လာတာနဲ့ ရေပြန်သွင်း
မြေဆီကျွေး အရွယ်ရောက်အောင် ပြုစုရတယ် စိုက်လို့ရတဲ့အရွယ်
တစ်လကျော်လောက်မှာ တစ်ခြားလယ်ကွက်တွေဆီ ရွှေ့ပြောင်ပြီး စိုက်ရပါတယ်။
မျိုးကောင်းတဲ့၊အထွက်ကောင်းတဲ့၊သန်မာတဲ့စပါးပင်တွေဖြစ်လာဖို့ပျိုးပင်ကလေးတွေဘဝမှာပြုစုမှုဟာ
အရမ်းရေးကြီးပါသည်
ပျိုးပင်လေးတွေအကြောင်းတွေးနေ၇င်းကပဲ လူတွေရဲ့ ဘဝတွေအကြောင်းကိုတွေးနေမိသေးရဲ့
လူသားတွေဟာလည်း ပျိုးပင်လေးတွေလိုပါပဲ ငယ်စဉ်ကချခဲ့တဲ့မျိုးစေ့ နဲ့ ပြုစုခဲ့သူတွေလက်ထဲကနေရှင်သန်
ရုံးထွက်ခဲ့ရတယ် ပြီးတော့ မိုးဒဏ်၊လေဒဏ်၊နေဒဏ်တွေလို လောကဓဏ်တွေနဲ့
ရုံးကန်ရတဲ့ ဘဝတွေပါလားလို့တွေးရင်း မနက်ဖြန်အလုပ် သွားဖို့သတိရမိပါသည်


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment