Thursday, September 30, 2010

အာရစ်တိုတယ်နှစ်သက်သောစံပြပုဂ္ဂိုလ်

တပ်မက်မှုနည်းပါးသူ
လိုလားတပ်မက်မှုနည်းပါးခြင်းကြောင့်စွန့်စားရှာဖွေခြင်းမရှိ ထို့ကြောင့် ဘေးအန္တရာယ်တို့နှင့်တွေ့ကြုံခြင်းမရှိနိုင် သို့ရာတွင်
လိုအပ်ပါက သူသည်အသက်ကိုပင် စွန့်လွှတ်ရန်
ဝန်လေးသူမျိုးမဟုတ်
သူသည်အခြားသူများအတွက် လုပ်ကိုင်ဆောင်ရွက်အကူအညီပေးသူ ဖြစ်သည်။သူ့အတွက်
လုပ်ကိုင်ဆောင်ရွက်ပေးလျှင် ရှက်နေတတ်သူ
သူ့အမြင်၌ သူတပါးအား ကြင်နာခြင်းသည် မြင့်မမြတ်သူတို့၏ စိတ်ထားဖြစ်၍ ကြင်နာမှုက
ရယူလိုသောစိတ်ထားမှာမူ နှိမ့်ချသူတို့၏ အမူအကျင့်ဖြစ်၏
သူသည်ပေါ်ပေါ်ထင်ထင် နေတတ်သူမျိုးမဟုတ် လူအမျာစုဝေးရာ၌ သွားလေ့ရှိသူမဟုတ်
သူသည် နှစ်သက်လျှင် နှစ်သက်ကြောင်း မနှစ်သက်လျှင်မနှစ်သက်ကြောင်း ပွင့်လင်းစွာ
ဖော်ပြတတ်၍ ဖြောင့်ဖြောင့်ပြောကာ၊ဖြောင့်ဖြောင့်ပြုတတ်သူဖြစ်၏
သူ့အမြင်၌ လောကတွင် ကြီးကျယ်သောအရာ ဘာမှမရှိသောကြောင့် ဂုဏ်ပြုချီးမြှောက်
ခြင်းနှင့်ကြုံလည်း တုန်လှုတ်တတ်သူမဟုတ်
သူသည်တဖက်သားနှင့်ဆက်ဆံရာ၌ အောက်ကျို့ခြင်း၊အကြိုက်လိုက်၍ လုပ်ပေခြင်းမျိုးမရှိ
သူ့စိတ်၌ ထိသို့လုပ်ခြင်းသည် ကျွန်စိတ်ရှိသူတို့၏ အပြုအမူသာဖြစ်၏
သူသည် သူတပါးအပေါ် မနာလိုဝန်တိုဖြစ်တတ်ခြင်းမရှိ စိတ်ထိခိုက်စရာများကိုလဲ မေ့ဖျောက်ဖယ်ရှားပစ်နိုင်သူမျိုး
သူသည်အချီးအနှီးစကားတို့ဖြင့် အချိန်ကုန်ခြင်းကို နှစ်သက်သူ မဟုတ်
ချီးမွမ်းခြင်းကို သူနှင့်မဆိုင်သလို နေတတ်၏။အခြားသူမကောင်းကြောင်းကိုလည်း
ပြောလေ့မရှိရန်ဖက်ဖြစ်သူများ၏ မကောင်းကြောင်းကိုပင် ပြောလေ့မရှိ
သူ့ဟန်ပန်သည် တည်ငြိမ်အေးဆေး၏ သူ့အသံသည် လေးနက်၏
သုပြောသောစကားသည် ချင့်ချိန်ပြောသောစကားဖြစ်၏။သူ့၌ ပျာယာခတ်သော အမူအရာ
မရှိ အဘယ့်ကြောင့်ဆိုသော် သူ့၌လိုလားစရာ ပိုင်ဆိုင်စရာ များများမရှိသောကြောင့်ပင်ဖြစ်၏
သူသည် အလျှင်စလို လုပ်လေ့မရှိ သူ့အတွက် လောက၌ အရေးကြီးသောအရာဟူ၍ မရှိသောကြောင့် ဖြစ်၏
အသံသေးအသံကြောင်များ၊အလျင်စလိုများသည် စိုးရိမ်ပူပန်တတ်သူ ကြောင့်ကြရှိသူထံမှသာ
ဖြစ်ပေါ်လေ့ရှိသည်ဟု သူမြင်သည်
သူသည် ကြုံတွေ့လာသော လောကဒုက္ခတို့ကို ရင်ဆိုင်ရာ၌ စစ်မြေပြင်၌ ကျွမ်းကျင်သော
စစ်ဗိုလ်ချုပ်သည် သူ၏စစ်သည်တော်များကို လိမ္မာစွာအုပ်ချုပ်၍
ရန်သူကိုရင်ဆိုင်သကဲ့သို့ သူသည်လည်း တည်ငြိမ်စွာ ၇င်ဆိုင်တတ်၏
သူသည် မိမိကိုယ်သာလျှင် အားကိုးနိုင်သော မိတ်ဆွေကောင်းဟု သတ်မှတ်၏
သူသည်တကိုယ်ထဲနေရသည်ကို နှစ်သက်သူ ဖြစ်၏


သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment