Monday, September 6, 2010

ကွက်လပ်

ဟိုး...ရှေ့ကောင်းကင်ဆီက
အုံ့မှိုင်းနေတဲ့မိုးတိမ်တွေ
ကိုယ်အပေါ်ရွာကျလာမှာလား
ကိုယ့်နှလုံးကိုယ်
တိုးတိုးလေးမေးကြည့်တော့
ဘာပြောတယ်မှတ်လဲ
ချစ်ရဲရင် အသည်းကွဲရဲရတယ်တဲ့
တမိုးလုံးပြိုပါစေ
မင်းကိုချစ်တဲ့နေ့ကစပြီး
ကိုယ်ဟာလေ..
ဘာကိုမှ
တွေးပြီးမကြောက်တတ်တော့တဲ့
လူသားတစ်ယောက်
ဖြစ်ခဲ့တာကြာပေါ့
စကားမစပ်အချစ်ရယ်
ကိုယ်မင်းကို လွမ်းလိုက်တာ
တခါတလေကျတော့လဲ
မင်းကိုယ်ချစ်ရတာ
ကိုယ့်အသည်းကို
ဖဲ့ဖဲ့စားနေရသလိုပဲကွာ
ပက်လက်လှန်အိပ်ပြီး
ရင်နာနေရတဲ့ညတွေ
များခဲ့ပြီ
အချစ်ကြီးလွန်းတဲ့
ကိုယ့်နှလုံးသားဟာလေ
အဲဒီဒဏ်ရာတွေနဲ့ပဲ
အစပ်အဟတ်တည့်နေရဲ့
အသက်နဲ့ထပ်ပြီးချစ်ရတဲ့
ကိုယ့်ရဲ့ချစ်သူပျိုလေးရေ
မင်းဟာ
ကိုယ့်ရဲ့လိုအပ်နေတဲ့
ကွက်လပ်ကလေးပါပဲ

သားထက် (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment