Thursday, September 30, 2010

ခွင့်လွှတ်ပေးပါ















ပန်ကာတလုံးရဲ့
အသက်ရှူလမ်းကြောင်းမှာ
မွန်းကြပ်ပိတ်လှောင်ခြင်းခံရတဲ့
ဝါယာကြိုးတစ်စရဲ့
အတ္ထုပ္ပတ္တိလိုပဲ
ငါ..
စိတ်ဓာတ်တွေ
ခြောက်ခြားခဲ့ဖူးတယ်
တကယ်တော့
ကိုယ့်ခွက်ကို
ငှဲ့သောက်ခဲ့ကြတာပဲ
ဘယ်သူခွက်က
ချိုတယ်ခါးတယ်
အဓိပ္ပာယ်မဖွင့်ချင်ဘူး
ရိုးရိုးရှင်းရှင်းလေးပြောရရင်
လူဆိုတာ တကယ်တော့
လူပါပဲ...
မေမေ့ဗိုက်ထဲက
ထွက်လာကတည်းက
ကျနော်ဟာ
လောကရဲ့ မာယာတွေကြား
ကိုးယို့ကားယား
ပစ်ချခံခဲ့ရတာပါ
မိုက်လွန်းလို့
မိန်းမတစ်ယောက်ကို
ချစ်ခဲ့မိတဲ့ ကျနော်
ချစ်လွန်းလို့
မိုက်မဲမိခဲ့တယ်ဆိုရင်
အဲဒီ လူမိုက်ကလေး
ကျနော့်ကို
ဘယ်သူ ခွင့်လွတ်ပေးမလဲ..

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment