Thursday, September 30, 2010

ကြေးမုံမှာအပေါ်တဲ့အရိပ်

မိုးတဲ့လား
ရင်ထဲမှာ ပင်လယ်တွေ
ဝေသွားတယ်
ဆုံဆည်းမှုက
ကဗျာမဆန်ခဲ့ဘူး
မျက်ဝန်းချင်းတောင်
မရင်းနှီးခဲ့ပါဘဲ
ချစ်ခြင်းတိမ်တိုက်တွေ အပြည့်နဲ့
ဟောဒီရင်ဘတ်ထဲ
ရွာနေတဲ့ တိတ်တိတ်ပုန်းမိုး
လူမသိသူမသိ
ငါ့တစ်ကိုယ်လုံး ရွှဲနစ်
ကောင်မလေးရေ
တစ်ဖက်သတ်အချစ်ဆိုတာ
ငါ့အတွက်တော့
အထီးကျန်ဆန်လွန်းလှရဲ့.....

သားထက် (မုံရွာ နည်းပညာတက္ကသိုလ်)

No comments:

Post a Comment