...အသိ...
တနေ့က
လူသားတစ်ယောက်
လောကကို
အပြီးတိုင်နှုတ်ဆက်
ဒီဘ၀ကနေ
လက်ပြ ထွက်ခွာသွားတယ်....
ရှင်သန်ခဲ့တဲ့
ဒီ နှစ်တွေအတွင်း
သူ
ဘာ ကောင်းမှုတွေပြုခဲ့လို့
ဘာ မကောင်းမှုတွေပြုသွားခဲ့လဲ..
ဘာပဲဖြစ်ဖြစ်
ကောင်းရာသုဂတိ
ရောက်ပါစေလို့
ကျနော်
ဆုတောင်းပေးမိတယ်...
ဒီလိုနဲ့
ကျနော်ကိုယ် ကျနော်
မှန်ထဲ ပြန်ကြည့်တော့
ဟိုတုန်းကတည်းက
မလှခဲ့တဲ့ရုပ်က
ပိုပိုဆိုးလာသလိုပဲ..
ဘယ်အချိန်က
ပေါက်နေမှန်းမသိတဲ့
ဆံပင်ဖြူတွေက
ကျနော့်ခေါင်းပေါ်
ဟိုတစ်စ....ဒီတစ
ကျနော့်အဖိုး ပြောသလို
ပြောရရင်
သေမင်းကတော့
အလံ လာစိုက်နေပြီထင်ရဲ့...
တကယ်တော့
နုပျိုမှုဆိုတာကလဲ
တီဗွီဖန်သားပြင်ပေါ်က
ကြော်ငြာ တစ်ပုဒ်လောက်တောင်
ကြာရှည် မခံလိုက်သလိုပဲ..
ပါးရေ တွန့်နေတဲ့
အပြုံးတွေက
ကျနော်တို့ရဲ့ဇရာကို
ဖုံးကွယ်မထားနိုင်တော့ဘူးလေ...
မသေချာတဲ့
မနက်ဖြန်တွေမှာ
ဘာတွေဖြစ်လာမလဲ
ဒါလည်း
ကျနော်တို့ မသိနိုင်ဘူး...
ကျနော်တို့ဟာ
ဒီနေ့ရဲ့
သေချာတဲ့ ရှင်သန်မှုကိုပဲ
တန်ဖိုးရှိစွာ
အသုံးချရမယ်လေ...
ဘာပဲဖြစ်ဖြစ်ပေါ့ကွယ်
ရခဲလှတဲ့
လူ့ဘဝမှာ
ဗုဒ္ဓဘာသာ ဖြစ်ရခြင်းအတွက်
ကျနော့်ရဲ့ လူဖြစ်ရခြင်းကိုပဲ
မြတ်နိုးမဆုံးဘူး
ဖြစ်မိပါရဲ့...
လင်းဝေ
No comments:
Post a Comment