Friday, September 25, 2015

Don't you shy

မင်း...မရှက်ဘူးလား..

လူတချို့က
ကိုယ့်တိုင်းပြည် အနာဂတ်
ကိုယ့်မျိုးဆက် အနာဂတ်အတွက်
အမှန်တရားဘက်က
တရားမျှတတဲ့ဘက်က
အားနည်းသူတွေဘက်က
ရဲရဲဝံ့ဝံ့
ဘဝတွေ ပေးဆပ်နေချိန်...

လူတချို့က
ကျုယ့်တိုင်းပြည် အနာဂတ်
ကိုယ့်မျိုးဆက် အနာဂတ်အတွက်
အမှန်တရားဘက်က
တရားမျှတတဲ့ဘက်က
အားနည်းသူတွေဘက်က
ရဲရဲဝံ့ဝံ့ ထောက်ခံအားပေးနေချိန်...

မင်းက
မင်းအကျိုးစီးပွား တစ်ခုတည်းအတွက်
မင်းတဘို့တည်း ကောင်းစားဖို့အတွက်..

ကိုယ့်တိုင်းပြည် အနာဂတ်ကိုမစဉ်းစား
ကိုယ့်မျိုးဆက် အနာဂတ်ကိုမစဉ်းစား
မရိုးသားတဲ့ဘက်က
မတရားတဲ့ဘက်က
အနိုင်ကျင့်နေတဲ့ဘက်က
မျက်နှာပြောင်တိုက်
ထောက်ခံအားပေးနေတာ...

မင်းကိုယ်မင်း မှန်ထဲပြန်ကြည့်
မရှက်မိဘူးလား...

မင်းလိပ်ပြာမင်း ပြန်ဆန်းစစ်ကြည့်
မရှက်မိဘူးလား...
...
မင်း...မရှက်ဘူးလား
..
သူငယ်ချင်း...။

လင်းဝေ


No comments:

Post a Comment