Thursday, April 30, 2015

Who n why

ဘာကြောင့်လဲ ဘယ်သူတွေကြောင့်လဲ

ဗိုလ်မှူး ဗိုလ်ချုပ်တွေက
တိုင်းပြည်ဘဏ္ဍာကို မတရားခိုးပြီး
ချမ်းသာချင်တိုင်းချမ်းသာ
သူတို့သားသမီးတွေက
နောက်ဆုံးပေါ်ကားတဝီဝီ
ရမ်းကားချင်တိုင်းရမ်းကား
ကုမ္ပဏီတွေ ၂ခု ၃ခု ထောင်ပြီး
စည်းစိမ်တွေရစ်လို့..

ပြည်သူတွေကတော့
ငတ်သည်ထက်ငတ်လို့...

ကျောထောက်နောက်ခံမဲ့
စစ်သားတွေကတော့
ဗိုလ်မှူးဗိုလ်ချုပ်တွေ စည်းစိမ်အာဏာတိုးစေဖို့...

သံဃာတော်တွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

ကျောင်းသားပြည်သူတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

လယ်သမားတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ...

အလုပ်သမားတွေကို ပစ်သတ်ဆိုလဲ ပစ်သတ်လိုက်ကြရတာပဲ..

ခုတော့ ရှေ့တန်းတဲ့
အသေခံပြီး တိုက်ကြရပြန်ပြီ..

ဪ ဆိုးလိုက်တဲ့ဘဝတွေ...

ဗိုလ်မှူး ဗိုလ်ချုပ်တွေက
တိုင်းပြည်ဘဏ္ဍာကို မတရားခိုးပြီး
ချမ်းသာချင်တိုင်းချမ်းသာ
သူတို့သားသမီးတွေက
နောက်ဆုံးပေါ်ကားတဝီဝီနဲ့
ရမ်းကားချင်တိုင်းရမ်းကား
ကုမ္ပဏီတွေ ၂ခု ၃ခု ထောင်ပြီး
စည်းစိမ်တွေရစ်လို့..

ဒါတွေဟာ
ဘာကြောင့်လဲ
ဘယ်သူတွေကြောင့်လဲဆိုတာ...

ငါတို့ အသိဉာဏ်တွေ လင်းလက်သင့်ပါပြီ...

လင်းဝေ

No comments:

Post a Comment