Saturday, December 12, 2015

သံယောဇဥ်

သံယောဇဉ်...

သံယောဇဉ်ဆိုတာ
မီးတောက်တစ်ခုပါ
ပိုပြီးနီးရင်
ပိုပြီးပူလောင်တတ်တယ်...

ကိုယ်သံယောဇဉ်
ထားတဲ့သူကသာ
ကိုယ့်ကို
ပျော်ရွှင်စေတယ်
ဝမ်းနည်းစေတယ်..

သံယောဇဉ်အားကြီးလေလေ
ကိုယ့်စိတ်ကိုယ့်ခံစားချက်တွေကို
ပိုပြီးစိုးမိုးလေလေပါပဲ..

အဲဒါကြောင့်
လူတွေဟာ
သူတို့သံယောဇဉ်ရှိတဲ့လူတွေဆီက
စိတ်ချမ်းသာစရာ
ပျော်ရွှင်စရာ
ကြည်နူးစရာတွေကိုပဲ
မြင်ချင် ကြားချင်ကြတယ်...

သူတို့သံယောဇဉ်ရှိတဲ့လူတွေဆီက
စိတ်ညစ်စရာ
စိတ်ဆင်းရဲစရာ
စိတ်ပျက်စရာတွေကို
မမြင်ချင် မကြားချင်ကြဘူး...

သင့်ကိုတကယ်
သံယောဇဉ်ရှိတဲ့လူကို
တကယ်ပျော်ရွှင်စေချင်တယ်ဆိုရင်
သူ့ကို
စိတ်ညစ်စရာ
စိတ်ဆင်းရဲစရာ
စိတ်ပျက်စရာတွေ
မပြောပါနဲ့...

လင်းဝေ

No comments:

Post a Comment