Friday, July 3, 2015

ချစ်သူ ဖတ်ဖို့ ကဗျာ

ချစ်သူဖတ်ဖို့ ကဗျာ...

လွမ်းလို့ ရေးတဲ့

ကဗျာ တစ်ပုဒ်မို့

လွမ်းသူအတွက် ရည်ရွယ်

လွမ်းသက် လက်ဆောင်

ပို့ခဲ့ပါ၏။

လွမ်းပြီးရင်း...လွမ်း

တွေးတိုင်း...လွမ်းလို့

လွမ်းနေတိုင်း...လွမ်း

နေ့တိုင်း...လွမ်းလို့

လွမ်းခြင်း ဘယ်သူ

ကူမှာလဲလေ...

ညစဉ် ညတိုင်း

အအိပ် ခက်ခဲ့

အိပ်မက်မှာလည်း

သူ့ကို လွမ်းသည်...။

ချစ်လို့ ရေးတဲ့

ကဗျာ တစ်ပုဒ်မို့

ချစ်သူအတွက် ရည်ရွယ်

ချစ်သက် လက်ဆောင်

ပို့ခဲ့ပါ၏။

ချစ်ပြီးရင်း...ချစ်

တွေးတိုင်း...ချစ်လို့

ချစ်နေတိုင်း...ချစ်

နေ့တိုင်း...ချစ်လို့

ချစ်ခြင်း ဘယ်သူ

ကူမှာလဲလေ...

ညစဉ် ညတိုင်း

အအိပ် ခက်ခဲ့

အိပ်မက်မှာလည်း

သူ့ကို ချစ်သည်...။

လင်းဝေ

No comments:

Post a Comment