Tuesday, April 21, 2015

The trust

သူတပါးကို ယုံကြည်နိုင်ဖို့
ကြိုးစားသလို
မိမိကိုယ်တိုင်လည်း
ယုံကြည်ထိုက်သူဖြစ်အောင်
ကြိုးစားပါ...။

မည်သူ့ကိုမျှ
မျက်လုံးစုံမှိတ်ပြီး မယုံသင့်သလို
အကြောင်းအရင်းအမှန်ကို
မိမိကိုယ်တိုင် သေချာမသိဘဲ
မည်သူ့ကိုမှလည်း
အကြောင်းမဲ့ သံသယမထားပါနဲ့၊
တခြားသူပြောစကားဖြင့်
အပေါ်ယံကြည့်ပြီးလည်း
မစွတ်စွဲပါနဲ့...။

သံသယဆိုတဲ့
အဆိပ်ဟာ
မိသားစု ၊
ချစ်သူ၊
မိတ်ဆွေ သူငယ်ချင်း၊
လူ့အသိုင်းအဝိုင်း၊
လူ့အဖွဲ့အစည်းကြီး
တစ်ခုလုံးကို
ဖျက်ဆီးပစ်နိုင်တယ်ဆိုတာ
မမေ့ပါနှင့်..။

သင့်ပတ်ဝန်းကျင်တွင်
ယုံကြည်မှုကို တည်ဆောက်ပါ...။

ရိုးသားမှုနှင့် အမှန်တရား
ဒီနှစ်ခုဟာ
သင့်နှလုံးသားမှာ
လင်းလက်ပွင့်ဝေနေပါစေ...။

လင်းဝေ

No comments:

Post a Comment