Friday, October 9, 2015

Sunset

အလွမ်းရင့်ရင့် ညနေခင်း...

ကြေမွလွင့်စင်နေတဲ့
သတိရခြင်း
အပိုင်းအစတွေဟာ
အထီးကျန်
အလွမ်းနဲ့အတူ
မင်းရှိရာအရပ်ဆီ
အငွေ့ပျံနေတယ်
ချစ်သူ...

အဲဒီသတိရခြင်းတွေဟာ
မဟူရာတိမ်တိုက်တွေနဲ့အတူ
ငါ့ပတ်ဝန်းကျင်
ညနေခင်း
တစ်ခုလုံးကို
မိုးရေစက်တွေအဖြစ်
ဖုံးလွမ်းပစ်လိုက်တယ်...

မိုးရေစက်တွေနဲ့
ရွဲရွဲစိုနေတဲ့
လမ်းမကြီးက
မေးတယ်...

မင်း သိပ်လွမ်းနေလားတဲ့...

ငါလည်း
ပြန်ပြောလိုက်ပါတယ်...

သွေ့ခြောက်နေတဲ့
မြက်ပင်ဝါဝါတွေရဲ့
မိုးရာသီကို
တမ်းတခြင်းမျိုးနဲ့
ငါ့ချစ်သူလေးကို
ငါ ...
လွမ်းနေမိတယ်
ဆိုတာကိုပေါ့...

ချစ်တဲ့စိတ်
တစ်ခုတည်းနဲ့ပဲ
နားစွင့်ကြည့်လိုက်စမ်းပါ
ချစ်သူ...

မင်းနံဘေးက
ဖြတ်တိုက်သွားတဲ့
လေပြေးညှင်းတွေထဲမှာ
လွမ်းဆွတ်နေတဲ့
ငါ့ရင်ခုန်သံတွေကို
မင်း
ပီပီသသ
ကြားရလိမ့်မယ်...

လင်းဝေ

No comments:

Post a Comment