Tuesday, June 23, 2015

မယ်

"မယ်"

ဟိုဟာ "မယ်"
ဒီဟာ "မယ်"
တ "မယ်" "မယ်"နဲ့...

တို့ မြန်မာ မိန်းကလေးတွေလဲ
တကိုယ်လုံးကို
ဖော်ကာပြ
ပြည့်တန်ဆာတွေထက်
စောက်ရှက်မဲ့စွာ...

အဖေမကြည့်ဝံ့
အမေမကြည့်ရဲ
အကိုမောင်တွေ
အရှက်ကွဲအောင်
အနုပညာလို့ ကြွေးကြော်
ရမ္မက်ဘီလူးတွေအလည်
ကမ္ဘာပတ်ပြီး
ချွတ်ပြနေကြ...

အရှက်တရားနဲ့
ယဉ်ကျေးမှုနဲ့ဟာ
ခေတ်မှီတာနဲ့
မဆိုင်ဘူးထင်ရဲ့..

မင်းတို့ချွတ်ပြကြတော့
မြန်မာပြည် ကြီးအတွက်
ဘာအကျိုးမြတ်ရမှာလဲလို့
ဖာဈေးကွက်ကြီး ဖြစ်မှာစိုးတယ်

အသိပညာမှာ ခေတ်မှီပါ
အတတ်ပညာမှာ ခေတ်မှီပါ
ကိုယ်ကျင့်တရားမှာ ဖြူစင်ပါ...

တကယ့်အလှဆိုတာ
ချွတ်ပြနေစရာ မလိုပါဘူး...

မြန်မာ့ရိုးရာ ဝတ်စုံတွေ
လုံခြုံစွာ ဝတ်ဆင်
မြန်မာမလေးတွေရဲ့တန်ဖိုး
မြန်မာမလေးတွေရဲ့ယဉ်ကျေးမှု
မြန်မာမလေးတွေရဲ့ မြန်မာဆန်တဲ့အလှတရား
ကမ္ဘာက ငေးယူအားကျ
တန်ဖိုးထားကြရလောက်အောင်
မြန်မာမလေးတွေရဲ့
မြင့်မားတဲ့ အဆင့်အတန်းကို
ပြကြစမ်းပါ...

ဘဝအောင်မြင်ဖို့
ဖြတ်လမ်းနည်းသုံးပြီး
ကိုယ်ခန္ဓာကိုယ်တစ်ခုလုံးကို
အပေါစားဆန်ဆန် တန်ဖိုးမဲ့အောင်
ပြမစား ရောင်းမစားချင်စမ်းပါနဲ့...

မြန်မာဆိုတာ အရှက်ကြီးတဲ့အမျိုး
အိနြေ္ဒကြီးတဲ့ အမျိုးမို့
တလွဲ ဆံပင်မကောင်းချင်ကြစမ်းပါနဲ့ကွယ်

လင်းဝေ

No comments:

Post a Comment