Wednesday, September 16, 2015

Mr. Lee

From The Big Ideas Of Lee Kuan Yew
(ဒိုဂျေဆန်း ဘာသာပြန်ဆိုသည်)

အများက မစ္စတာလီကို လက်တွေ့ဆန်သူဟု သတ်မှတ်ထားကြသည်။
သူသည် အမှန်ခါးခါးကိုပင် ပြောချလိုက်ဖို့ မတုံ့ဆိုင်းသူ ဖြစ်သည်။
သူသည် ရည်ရွယ်ချက်ကို ဦးထိပ်ပန်ဆင်ထားသည့် အတွေးအမြင် ပဓာနဝါဒီဖြစ်သည်။
သူသည် လောကကို ကြည့်ရာ၌ အရှိအတိုင်း ကြည့်ရမည်ဖြစ်ပြီး ကိုယ်ဖြစ်စေချင်သလို မကြည့်ရဟု ခံယူထားသည်။
ကံကြမ္မာသည် လက်ဆန့်တန်းပြီး ကျနော်တို့ကို လုပ်ကိုင်ပေးလျှက်ရှိသည်။
သို့သော် အောင်ပွဲခံမည့် လက် ဖြစ်ဖို့ဆိုသည်မှာ ကျနော်တို့အပေါ်၌ မူတည်သည်။
အင်မတိအင်မတန် ကြီးမားသည့် ဆန္ဒ၊ ခံယူချက်နှင့် စိတ်ကူးနိုင်စွမ်းတို့ဖြင့် လုပ်ဆောင်ပါက တိုးတက်ရန်အတွက်လမျှော်လင့်ချက် အမြဲရှိနေမည်။
လူသည် ပကတိပြည့်စုံကောင်းမွန်ုခြင်း မရှိချေ။
သို့သော် ကျနော်တို့သည် ပိုကောင်းမွန်အောင် လုပ်၍ရသည်။
မစ္စတာလီသည် ကွန်ဖြူးရှပ် ဝါဒကို ထွေးပိုက်ထားသည်။
အဘယ့်ကြောင့်ဆိုသော် ကွန်ဖြူးရှပ်ဝါဒက လူသည် ကောင်းသည်ထက်ကောင်းအောင် ပိုလုပ်၍ရသည်ဟု ယုံကြည်သောကြောင့် ဖြစ်သည်။
မည်သည့် လူ့အဖွဲ့အစည်းမှ ပကတိ ပြည့်စုံ ကောင်းမွန်ခြင်း မရှိချေ။
သို့သော် စည်းစည်းလုံးလုံးရှိကြသည့် လူ့အဖွဲ့အစည်းသည် လူအများတွင် ရှိနေသည့်စိတ်ဓာတ်ကို အကောင်းဆုံးအခြေအနေဖြင့် ဆွဲထုတ်နိုင်သည်။
ကျနော်တို့၏ ပြည်သူလူထုအတွက် ပိုမိုကောင်းမွန်သော အနာဂတ်ကို ဖန်တီးပေးနိုင်သည်။ကျနော့်အမြင်တွင်
မစ္စတာလီသည် လက်တွေ့ကျသည့် အတွေးအမြင် ပဓါနဝါဒီ ဖြစ်သည်။

အတွေးအခေါ်မြင့်မားကြပါစေဗျာ...


လင်းဝေ

No comments:

Post a Comment