Tuesday, September 22, 2015

The leader

"တရားဥပဒေ စိုးမိုးခြင်းအတွက် ကျွန်ုပ်တို့၏ ဂုဏ်သတင်းသည် စီးပွားရေးအရ အဖိုးတန် ပိုင်ဆိုင်မှု ဖြစ်သည်။ ကျွန်ုပ်တို့၏ အရင်းအနှီးတွင် ပါဝင်နေသည့် အစိတ်အပိုင်းတစ်ခုလည်း ဖြစ်သည်။ သို့သော် လက်ဆုတ်လက်ကိုင် မပြနိုင်ချေ။

တရားဥပဒေ စိုးမိုးမှုမရှိသောနိုင်ငံတွင် အစိုးရ၏ လုပ်ကိုင်မှုများသည် တည်တည်တံ့တံ့ မရှိကြချေ။ သို့ဖြစ်ရာ အခြားနိုင်ငံမှ လူချမ်းသာတို့သည် အိမ်ခြံမြေပိုင်ဆိုင်မှုများ၌ သူတို့၏ငွေကို အနစ်နာမခံကြချေ။"

စင်္ကာပူနိုင်ငံရဲ့ ဗိသုကာကြီး
လီကွမ်ယု

ဒီလို အတွေးအခေါ်ရှိပြီး အရည်အချင်းပြည့်တဲ့ သူများနိုင်ငံက ခေါင်းဆောင်ကောင်းတစ်ယောက်က အနှစ် ၅၀ အတွင်း ဘာသယံဇာတ ရေချိုမျှပင်မထွက်သည့် အရှေ့တောင်အာရှ ဘိတ်ဆုံးနိုင်ငံကလေးကနေ ထိပ်ဆုံးနိုင်ငံဖြစ်အောင် စွမ်းဆောင်ပေးခဲ့တယ်။

ကျနော်တို့ဆီက ခေါင်းရှောင်တွေကတော့ အနှစ်၅၀ အတွင်း အရှေ့တောင်အာရှ ထိပ်ဆုံးမှ ဘိတ်ဆုံးသို့ရောက်အောင် စွမ်းဆောင်ပေးခဲ့ကြတယ်။

ဒါတောင် ခုထိ မသိနိုင်ကြဘဲ သိပ်တုံးနေကြဦးမယ်ဆိုရင်
ကမ္ဘာ့ဘိတ်ဆုံးမှာပဲ ကိုယ့်ကိုယ်ကို ထိပ်တုံးခတ်မိသလိုဖြစ်ပြီး
နောင်တရမဆုံး ရင်ဘတ်စည်တီးနေကြရဦးမည် ဖြစ်သည်။

အားလုံး အသိဉာဏ်တွေ ရုန်းထကြပါတော့ဗျာ...

လင်းဝေ

No comments:

Post a Comment