Tuesday, September 22, 2015

The choice

ရွေးချယ်မှု...

ဒီပွဲက
သူတော်ကောင်းနဲ့ လူယုတ်မာ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ပညာရှိနဲ့ လူမိုက်
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
တာဝန်သိသူနဲ့ တာဝန်မဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
အများကောင်းစားစေချင်သူနဲ့ တဘို့တည်းသမား
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ပေးဆပ်သူနဲ့ အခွင့်အရေးသမား
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ရိုးသားဖြောင့်မတ်သူနဲ့ လိမ်ညာကောက်ကျစ်သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
စေတနာထားသူနဲ့ စေတနာမဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
အရည်အချင်းရှိသူနဲ့ အရည်အချင်းမဲ့သူ
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲက
ကမ္ဘာက လေးစားရသူနဲ့ ကမ္ဘာ့အော်ကြောလန်
မှန်မှန်ကန်ကန် ရွေးချယ်ရမည့် ပွဲ...

ဒီပွဲမှာ 
ငါတို့ရဲ့ရွေးချယ်မှုဟာ

ဒီပွဲရဲ့ အဆုံးအဖြတ်ဟာ..

ငါတို့ သားမြေးတွေရဲ့ အနာဂတ်...

ငါတို့ တူတူမလေးတွေရဲ့ အနာဂတ်...

ငါတို့ ညီနောင်တွေရဲ့ အနာဂတ်...

ငါတို့တိုင်းရင်းသားအားလုံးနဲ့
ငါတို့တိုင်းပြည်ရဲ့ အနာဂတ်...

ငါတို့ မိဘဘိုးဘွားတွေရဲ့
ခေတ်အဆက်ဆက် မျှော်လင့်ခဲ့ကြရတဲ့  မျှော်လင့်ချက်...

ဒီအနာဂတ် ဒီမျှော်လင့်ချက်တွေအတွက်..

မင်းလဲ မြန်မာနိုင်ငံသား
ငါလည်း မြန်မာနိုင်ငံသား
ငါတို့ နိုင်ငံ အနာဂတ်လှပဖို့

ငါတို့ရွေးချယ်မှုဟာ
မှန်ကန်ပြတ်သားကြဖို့
အရေးကြီးတယ်
သူငယ်ချင်း...။

လင်းဝေ

No comments:

Post a Comment