...အချစ်ကဗျာ...
ငါ့ကိုယ်ငါ
မြားတစ်စင်းအဖြစ်
ဖန်ဆင်းပြီး
မြားနတ်မောင်ကြီးရဲ့ လေးကြိုးကို
ခြေစုံကန်..
မင်းရဲ့
နှလုံးသား အလည်ဗဟိုတည့်တည့်ဆီ
ငါ့ကိုယ်ငါ
ပျံသန်း ပစ်လွှင့်လိုက်တယ်...
အချစ်နဲ့
ပြာလဲ့ ကြည်စင်သွားတဲ့
ညနေ တစ်ခင်းကို
မင်းမြင်တွေ့နိုင်ပါစေ
ချစ်သူ...
နူးညံ့စွာ
ဝင်းမွတ်လှလွင်နေတဲ့
လမင်းသခင်မလေး ရှေ့မှာ
ကြယ်တာရာ တစ်စင်းလို
ရဲဝံ့တောက်ကြွားစွာ
ခစား..
အဲဒီညက
အချစ်ကဗျာ တစ်ပိုဒ်ဟာ
ငါ့နှလုံးသား
တံခါးချပ်တွေကို
ရုန်းကန် တွန်းဖွင့်
ငါ့နှုတ်ဖျားဆီကတဆင့်
ပွင့်အံကျလာရဲ့...
ငါက
အဒီ ကဗျာလေးကို
ကြယ်တာရာတွေနဲ့အတူ
သံပြိုင်ဆိုတဲ့အခါ
အချစ် ဆိုတဲ့
ကဗျာဟာ
လေပြေညင်းတွေကနေ
နဂါးငွေ့တန်းတွေဆီ
ဖြတ်သန်းစီးဆင်း..
စကြာဝဠာ တံတိုင်းအဆင့်ဆင့်
ပဲ့တင်ထပ်နေခဲ့မယ်ဆိုတာ
နှလုံးသားစစ်စစ်ဖြင့်သာ
မင်း..
ကြားနိုင်လိမ့်မယ်
ချစ်သူ...။
လင်းဝေ
No comments:
Post a Comment