Tuesday, October 13, 2015

လိုအပ်ချက်



အသိဉာဏ်ပညာ
နိမ့်ကျလာတဲ့အခါ
လူတွေဟာ
အကောင်းအဆိုးကိုလည်း
မခွဲခြားတတ်တော့ဘူး၊
အမှားအမှန်ကိုလည်း
မပိုင်းခြားတတ်တော့ဘူး၊
လုပ်သင့်မလုပ်သင့်
ဖြစ်သင့်မဖြစ်သင့်ကိုလည်း
မစဉ်းစားတတ်တော့ဘူး၊

အသိဉာဏ်ပညာ
နိမ့်ကျနေတဲ့
လူမျိုးတစ်ခု
နိုင်ငံတစ်ခုဟာလည်း
ဘယ်တော့မှ
ပြောင်းလဲတိုးတက်ဖို့ မဖြစ်နိုင်ဘူး၊

ဒါကြောင့်
အသိဉာဏ်ပညာတိုးတက်ဖို့
အထာက်အပံ့ကောင်းကောင်းနဲ့
ပညာရေးစနစ်ကောင်းကောင်းလိုတယ်

လူငယ်၊လူလတ်၊လူကြီးအားလုံး
စာဖတ်ကြဖို့လိုတယ်
အမြင်ကျယ်အောင် လေ့လာကြဖို့လိုတယ်

သူများပြောတိုင်းနားမယောင်ဘဲ ကိုယ်ပိုင်ဉာဏ်နဲ့ ဆုံးဖြတ်နိုင်ကြဖို့ လိုတယ်

အဲဒီလိုဖြစ်အောင်
ကျနော်တို့နိုင်ငံလူမျိုး အနာဂတ်အတွက်
ကျနော်တို့အားလုံး ကြိုးစားကြဖို့လိုတယ်..

လင်းဝေ

No comments:

Post a Comment