Monday, December 14, 2015

ထွက်ပေါက်...

ထွက်ပေါက်...

မွန်းကြတ်နေတဲ့
ညတညဟာ
အနှစ်သာရတွေ
ကင်းမဲ့လို့...

ဘဝမှာ
သာယာတဲ့
တေးသံတွေကို
မျှော်လင့်လို့
မရနိုင်တော့ဘူးလား...

ငါ့စိတ်တွေဟာ
ပိတ်လှောင်ခံထားရတဲ့
သားရဲတကောင်လို
မာန်ဖီလို့...

တခါတခါကျတော့
တေလေတယောက်ရဲ့
အိပ်မက်ဟောင်းတွေဆီ
ပြန်တမ်းတမိတယ်...

ငါသိလိုက်တာ
တခုက..

ဘဝမှာ
ငါ့ကို
စိတ်ချမ်းသာမှုပေးနိုင်သူဟာ
ငါကလွဲပြီး
နောက်တယောက်ဆိုတာ
ဒီကမ္ဘာမှာ
မရှိနိုင်ဘူးလေ...

လင်းဝေ

No comments:

Post a Comment