Wednesday, September 16, 2015



မွန်းကြပ်လှောင်ပိတ်နေတဲ့
နှလုံးသားတစ်စုံကို
ချော့သိပ်ဖို့တဲ့..

တိတ်ဆိပ်နေတဲ့
ညတညဟာ
လေပြေလေညင်းတွေကို
တမက်တရှ
တမ်းတနေခဲ့တယ်...

နတ်သမီး
စကားသံတွေကလည်း
ငါ့ကောင်းကင်ယံမှာ
ကြင်နာစွာ
မျောလွင့်နေတာ
ငါမကြားရဘူး..

ငါ
မြတ်နိုးစွာ
ငတ်မွတ်တောင့်တမိတဲ့
အိပ်မက်ဟာ
ခုထိ
ငါ့အိပ်ယာပေါ်
ခုန်ဆင်းကျမလာသေးဘူး..

ငါရင်ဘတ်တစ်လုံးဟာ
တံလျှပ်တွေနဲ့
မြင်မကောင်းအောင်
ကြေကွဲဖွယ် ကောင်းရဲ့...

ဘယ်လောက်
နာကျင်စရာ
ကောင်းလိုက်သလဲကွယ်...

လရောင်ကင်းမဲ့တဲ့
 ဟောဒီ
အထီးကျန်
ညနက်ကြီးထဲ...

ငါ့နှလုံးသားဟာ
ဒဏ်ရာအနာတရတွေနဲ့
ညတညအကြောင်း
အဓိပ္ပာယ်ဖွင့်ဆိုနေခဲ့တယ်...။

လင်းဝေ

No comments:

Post a Comment