Monday, December 14, 2015

Dammah

မှတ်သားမိတဲ့ တရားတပုဒ်...

(၁)အသေးစိတ် သိရှိခြင်းဟာ ပညာပါ...
ပညာတတ်တစ်ယောက်ဖြစ်ဖို့၊ ထူးချွန်ထက်မြက်တဲ့သူ တစ်ယောက်ဖြစ်ဖို့ မိမိလေ့လာနေတဲ့အရာကို အသေးစိတ် သိရှိနားလည်အောင် ကြိုးစားရမယ်...
အသက်မွေးပညာတစ်ခုခုကို ကျွမ်းကျင်စွာ တတ်မြောက်သွားတဲ့ လူတစ်ယောက်ဟာ ဘယ်လိုသုံးသုံး သုံးမကုန်တဲ့ ရွှေအိုးတစ်လုံးကို ရထားသလိုပါပဲ...
ဘယ်နေရာရောက်ရောက် ထမင်းမငတ်နိုင်တော့ပါဘူး...
ဒါကြောင့် ပညာတတ်အောင် ပညာရှင်ဖြစ်အောင် ကံ၊ ဉာဏ်၊ ဝိရိယ ၃ ပါးလုံးနဲ့ ဇွဲရှိရှိ ကြိုးစားကြရမည် ဖြစ်သည်။

(၂) "ဆရာ" ဆိုတာ အေးမြတဲ့အရိပ်ကို ပေးစွမ်းသူလို့ အဓိပ္ပာယ် ရပါတယ်...
ဆရာတစ်ယောက်ဟာ တပည့်တွေကို အေးမြတဲ့အရိပ် ပေးစွမ်းနိုင်သူဖြစ်အောင် စေတနာ၊ ဝါသနာ၊ အနစ်နာ နာ ၃ နာနဲ့ စောင့်ရှောက်ရမယ်...
လူဆိုတာ ဆရာကောင်းကိုလည်း ရှာတတ်ရမယ်...
ဆရာကောင်းနဲ့ တွေ့တဲ့အခါမှာလည်း နှိမ့်ချပြီး နာခံမှတ်သား သင်ယူတတ်ရတယ်...
သူတပါးရဲ့ ကျေးဇူးတရားကို ဘယ်သောအခါမျှ မမေ့အပ်ပေ...

(၃) မနုဿလူသားဆိုတာ စိတ်ထားမြင့်မြတ်သူလို့ အဓိပ္ပာယ်ရတယ်...
လူတိုင်းဟာ လူပီသအောင် နေထိုင်တတ်ဖို့ လိုတယ်...
ငါတို့ ဘာကြောင့် လူဖြစ်ရသလဲ?
လူတစ်ယောက်ဟာ ရှင်သန်နေထိုင်စဉ်အတွင်းမှာ
၁-လောကကို အကျိုးပြုဖို့ကြိုးစားရမယ်...
၂- ဆွေမျိုး၊ ရပ်ရွာ၊ တိုင်းပြည်ကို အကျိုးပြုဖို့ ကြိုးစားရမယ်...
၃-မိမိကိုယ်ကိုလည်း အကျိုးပြုဖို့ ကြိုးစားရမယ်...

(၄) လူတိုင်းကို မေတ္တာတရားဖြင့် ဆက်ဆံနိုင်အောင် ကြိုးစားဖို့ လိုသလို...
လူတိုင်းကို သည်းခံခြင်းတရားနဲ့ ခွင့်လွှတ်တတ်အောင်လည်း ကြိုးစားရမယ်...

အားလုံး ကောင်းကျိုးတစ်စုံတရာ ရကြပါစေ...

လင်းဝေ

No comments:

Post a Comment