Friday, August 12, 2016

...ကျနော်နဲ့ကျနော်...



ကျနော်ကတော့
လူတွေ
အထင်ကြီးတာကြီးကို
အရသာတစ်ခုလို
မခံစားချင်ပါဘူး...

လူတွေက
အထင်ကြီးပြီးရင်
လှောင်ပြောင်နှိမ့်ချဖို့ကိုလည်း
ဝန်လေးကြမှာ
မဟုတ်ဘူး...

သူများတွေကို
မှန်တစ်ချပ်လို
ကျနော်
မကြည့်ချင်ဘူး...

ကျနော်က
ကျနော့်ကိုယ် ကျနော်ပဲ
မှန်တချပ်လို ကြည့်ပြီး
ဆုံးဖြတ်ချင်တယ်...။

လင်းဝေ

No comments:

Post a Comment