Friday, August 12, 2016

..ကျနော့်ရဲ့ ညလယ်စာများ..



တခါတလေကျတော့
စာဖတ်ရတဲ့
ဲ့အရသာကို...

ပွဲတော်စာအနေနဲ့
မြိန်ရည်ယှက်ရည်
်ခံစားပစ်လိုက်ဖို့ပေါ့...

ကျနော်က
ခရီးများများ
မသွားနိုင်တော့
ဒီလိုပဲ
စာများများ
ဖတ်ရမှာပေါ့လေ...

ခောတ်ကိုက
ငွေ တစ်ထောင်နှစ်ထောင်
ငွေ တစ်သောင်းနှစ်သောင်း
သုံးဖို့လွယ်သလောက်
စာအုပ်တစ်အုပ်ကို
တလတခါ ဝယ်ဖြစ်ဖို့
မလွယ်ကြတဲ့ခောတ်...

ဒီမိုး
ဒီလေ
ဒီလူတွေနဲ့
ဒီခောတ်ကို
အသစ်အဖြစ်
ပြောင်းလဲပစ်ဖို့
မဖြစ်နိုင်ဘူးတဲ့လား?

ဒီအနုံညာတ
ခောတ်အပျက်ကြီးထဲ
အသစ်စက်စက်
စကားလုံးတွေနဲ့
တည်ခင်းထားတဲ့
ညလယ်စာအတွက်
မိတ်ဆွေတချို့ကို
ဖိတ်စာ ပို့လိုက်တယ်...။

လင်းဝေ

No comments:

Post a Comment