Friday, August 12, 2016

အအေးချမ်းဆုံးကမ္ဘာ



ကောင်းကင်က
 နှင်းစက်တွေ
ခုန်ချလာတဲ့အခါ
ကျနော့် ကမ္ဘာလေးဟာ
ခိုက်ခိုက်တုန်လို့...

မြောက်ပြန်လေတွေရဲ့
ဝင်သက်ထွက်သက်မှာ
ကမ္ဘာဦးရဲ့ဂီတကို
လွမ်းလွမ်းဆွတ်ဆွတ်
ရှာဖွေတမ်းတမိတယ်...

ဆောင်းရာသီက
သူရဲ့အေးစက်တဲ့
လက်ချောင်းတွေနဲ့
ကျနော့်ကို
ထွေးပွေ့ထားရဲ့...

အောင်မြင်မှုတွေ
ကျရှုံးမှုတွေ
ဆင်းရဲမှု
ချမ်းသာမှု
ဝမ်းနည်းမှု
ပျော်ရွှင်မှု
အရာရာဟာ
ဆောင်းရာသီ
အိပ်မက်တွေလိုပါပဲ...

တကယ်ဆို
အေးချမ်းတဲ့
ကျနော့်ကမ္ဘာလေးထဲ
ကျနော့်ကဗျာတွေနဲ့အတူ
ကျနော်တယောက်ထဲ
ငြိမ်းချမ်းကြည်စင်စွာ
နေချင်မိတယ်....

လင်းဝေ

No comments:

Post a Comment