Sunday, July 19, 2020

#ဖြစ်နိုင်မယ်ဆိုရင်

#ဖြစ်နိုင်မယ်ဆိုရင် (2015)

ဖြစ်နိုင်မယ်ဆိုရင်
ငွေသံကြေးသံ မပါတဲ့
ဂီတသံ စစ်စစ်ကိုပဲ
ကြားချင်တယ်...

ဖြစ်နိုင်မယ်ဆိုရင်
ခံစားချက်အတုတွေ မပါတဲ့
ကဗျာ စစ်စစ်ကိုပဲ
ရေးချင်တယ်

ဖြစ်နိုင်မယ်ဆိုရင်
အဆင့်အတန်းတွေ မပါတဲ့
ခင်မင်မှု စစ်စစ်ကိုပဲ
လိုချင်တယ်...

ဖြစ်နိုင်မယ်ဆိုရင်
လျော်အစားတွေ မပါတဲ့
အပြုံး စစ်စစ်ကိုပဲ
ရချင်တယ်...

ဖြစ်နိုင်မယ်ဆိုရင်
ဟန်ဆောင်မှုတွေ မပါတဲ့
ရှင်သန်မှု စစ်စစ်ကိုပဲ
ခုံမင်ချင်တယ်...

ဖြစ်နိုင်မယ်ဆိုရင်
အသွားအပြန် မပါတဲ့
မတ်ေတာတရား စစျစစျကိုပဲ
ပိုင်ဆိုင်ချင်တယ်...

ဖြစ်နိုင်မယ်ဆိုရင်
အလိုရမ္မက်တွေ မပါတဲ့
ပေးဆပ်မှု စစ်စစ်ကိုပဲ
တန်ဖိုးထားချင်တယ်...

ဖြစ်နိုင်မယ်ဆိုရင်...

လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)

No comments:

Post a Comment