Saturday, July 25, 2020

#Propaganda(ဝါဒဖြန့်ဖြူးခြင်း)

#Propaganda(ဝါဒဖြန့်ဖြူးခြင်း)
*******************************

Propaganda ဆိုသည် မရိုးသားသောသဘောပါဝင်၍
တဆိတ်ကို တအိတ်လုပ်တတ်သော ချဲ့ထွင်သော
သဘောမျိုးပါဝင်၏ ။ လူထုဆန္ဒ အစစ်အမှန်ကို
လေးစားသော နိုင်ငံများတွင် Propoganda သည်
နာမည်ပျက်တခုသာဖြစ်သည် ။ A lie, if repeated
a thousand times, became truth ဟူသော
ကျင့်စဉ်မျိုးဖြစ်သည် ။

Public Relations တည်ဆောက်နေသော NLD ၏
အခြားတဘက်၌ မဲမပေးကြရန် NO VOTE ဟူသော
ဝါဒဖြန့်ဖြူးခြင်းသည် ယခင်စစ်အစိုးရတို့၏
လမ်းစဉ်နှင့်တူလှသည် ။ သို့သော်ထူးခြားနေသည်မှာ
NO VOTE သည် အစိုးရမရှိ၊ ပါတီမရှိ တပ်ဖျောက်
ထားသည် ။ ပါတီစွဲ ပုဂ္ဂိုလ်စွဲမထားလိုသော တကိုယ်ရေ
လွတ်လပ်ခွင့်နှင့် ဒီမိုကရေစီမယုံကြည်မှု့တို့အား
အကြောင်းပြချက်ပေးကြသည် ။

NO VOTE သည် လူသာမန်တို့၏ အတွေးမဟုတ် ။
ရှုံးနေသော်လည်း အက်ကွက်ဖမ်းချင်သော ကျွမ်းကျင်
ကစားသမားများဖြစ်ကြသည် ။ သို့တည်းမဟုတ်
ကိုယ်ကျိုးစီးပွားသက်သက်ဟု စွတ်စွဲရန်ရှိလာသည် ။
မဲပြားခြင်း၊ မဲမရခြင်းမှသည် ညွှန့်ပေါင်းကို ဦးတည်
နေသည်ကတော့ ထင်သာမြင်သာရှိလှသည် ။ မကြာမီ
ထွက်ပေါ်လာမည့် အမတ်စာရင်းနှင့်အတူ NO VOTE
သမားများ စွာကျယ်စွာကျယ်လုပ်အုန်းမည်ကား
မြေကြီးလက်ခတ်မလွဲပေ ။

#ဆရာဖုန်း

For UniCode

No comments:

Post a Comment