Saturday, July 25, 2020

#အစိုးရနှင့်အုပ်ချုပ်ရေ

#အစိုးရနှင့်အုပ်ချုပ်ရေး

စင်္ကာပူရွေးကောက်ပွဲနောက် မိမိတို့နိုင်ငံ၏ ရွေးကောက်ပွဲသည်လည်း
မကြာမီကျင်းပတော့မည် ။ စင်္ကာပူအစိုးရ PAP ကား " လှေကားမတွေ့ရဘဲ
ထန်းပင်ပေါ်ရောက်နေသည့်သူ " နှင့်တူလှသည် ။ မိမိတို့ အစိုးရ NLDကား
အုပ်ချုပ်ရေးသက်တမ်း ၅နှစ်မျှသာရှိသေး၍ တဆင့်ခြင်းတိုးတက်သွားရန်
အချိန်လိုသေးသည် ။ ပထမအုပ်ချုပ်ရေးသက်တမ်းအတွင်း ဘယ်ဝန်ကြီး
(သို့)ဘယ်အစိုးရမျှ ပြည်သူနှင့်တသားတည်းဖြစ်သည်မရှိခဲ့ပါ ။ ထိုအပြင်
မိမိတို့နိုင်ငံသည် One Government Two Administrations ဆိုသည်ကို
သတိပြုသင့်သည် ။ အုပ်ချုပ်ရေးအာဏာ နှစ်ခုကွဲနေသည့်အပြင် ပြည်သူ့
အစိုးရအူပ်ချုပ်ရသော ဌာနတိုင်းလိုလို၌ " မိုးကျရွှေကိုယ် " များက
ရာထူးကြီးများကို စနစ်တကျ ဝင်ရောက်နေရာယူထားကြသည် ။
မိုးကျရွှေကိုယ်များသည် လက်ရှိအစိုးရကို သစ္စာခံသူများ မဟုတ်ကြပါ ။
စစ်အစိုးရထောက်ခံသူများနှင့် ကိုယ်ကျိုးသက်သက်ကြည့်သူများသာ
ဖြစ်ကြသည်။ ( တချို့သောသူများအား အကောင်းဘက်မှ
တွေးပေးနိုင်သည်)

အစိုးရနှင့်အုပ်ချုပ်ရေးကို တချို့က အတူတူစဉ်းစားလေ့ရှိကြသည်။
အစိုးရဟူသည်ကား အုပ်ချုပ်ရေး( Administration) နှင့် နိုင်ငံရေးဝါဒ
( Politics) တို့၏ ပေါင်းစပ်မှုသာ ဖြစ်ပါသည် ။ အစိုးရသည် အုပ်ချုပ်ရေး
နှင့်နိုင်ငံရေး ပေါင်းစပ်မှုဖြစ်သဖြင့် အုပ်ချုပ်ရေး၌ နိုင်ငံရေးမပါသည်ကို
သတိပြုသင့်သည် ။ သို့သော်လည်း အုပ်ချုပ်ရေးတွင် နိုင်ငံရေးကင်းသည်ဟု
မပြောနိုင်ပါ ။ အုပ်ချုပ်ရေးသည် အစိုးရမှ ပေါက်ဖွားလာရခြင်းကြောင့်
ဖြစ်သည် ။ အုပ်ချုပ်ရေးသည် အစိုးရမှ ချမှတ်ပေးလိုက်သော မူဝါဒများကို
တိတိကျကျ အသေးစိတ်ရုပ်လုံးဖော်ရသော ယန္တယားတခုလည်းဖြစ်သည် ။
အစိုးရ၏လုပ်ငန်းနှစ်ခုရှိရာ တခုက မူဝါဒချမှတ်ရပြီး ကျန်တခုက
၎င်းမူဝါဒကို အကောင်အထည်ဖော်ရခြင်းဖြစ်သည် ။ ထိုမူဝါဒကို
အကောင်အထည်ဖော်ရသော အပိုင်းသည် အုပ်ချုပ်ရေး၏ တာဝန်သာ
ဖြစ်ပါသည် ။

အစိုးရမှ မည်မျှကောင်းသော မူဝါဒများချမှတ်သည်ဖြစ်စေ
အကောင်အထည်ဖော်မည့် အုပ်ချုပ်ရေးယန္တယားသည်
ရည်ရွယ်ချက်နှင့်မကိုက်(သို့) ရည်ရွယ်ချက်ပျက်ပျားအောင်၊
ထိုအပြင် ရုပ်လုံးဖော်ကြမည့်သူများက ကျွမ်းကျင်မှုမရှိသော်
လိုရာမရောက်ဘဲ တိုင်းပြည်လည်းနင့်နာရပါမည်။
မိမိတို့၏ ခေါင်းဆောင်များသည် မည်မျှပင် ကောင်းသည့်စေတနာနှင့်
တိုင်းပြည်ကောင်းစားရေးအတွက် မူဝါဒများ သတ်မှတ်ငြားသော်လည်း
ရည်ရည်ချက်နှင့်မဆီလျှော်သည့် အုပ်ချုပ်ရေးယန္တယားကြီးကို
မောင်းနှင်ကာ အကောင်အထည်ဖော်နေပါလျှင် ပြည်သူလူထုအတွက်
အကျိုးများနိုင်မည် မဟုတ်ပေ ။ အုပ်ချုပ်ရေးနှင့်အစိုးရကိုခွဲမြင်ရန်
လိုသည် ။ ထိုပြင် အုပ်ချုပ်ရေး နှစ်ရပ်ကွဲနေသည်ကိုလည်း မမေ့အပ်ပေ။
ယနေ့ ပြည်သူ့အစိုးရသည် စစ်တပ်အုပ်ချုပ်ရေးကို အမိန့်မပေးနိုင် ။
၎င်းအပြင် စစ်တပ်အုပ်ချုပ်ရေးသည် မြန်မာ့နိုင်ငံရေးတွင်
နေရာတခုယူထားသည် ။ နိုင်ငံရေးမှဖယ်ရှား၍ မရအောင်
အခြေခံဥပဒေနှင့် စိတ်ကြိုက်စီမံထားပြီးလည်းဖြစ်သည် ။

မြန်မာနိုင်ငံအုပ်ချုပ်ရေးသမိုင်းကိုကြည့်ပါကလည်း ရှေးမြန်မာ
မင်းများကို “ Despot “ များအဖြစ် ရေးသားတာခံရဖူးသည်။
သို့သော်လည်း ထိုကဲ့သို့မထင်မိပါ လွှတ်တော်ဆိုသော
စကားသည် ပုဂံခေတ်ကတည်းက ရှိခဲ့ပြီးဖြစ်သည် ။ ထိုခေတ်
အုပ်ချုပ်ရေးသည် ပြည်သူထက် ရှင်ဘုရင်ကိုသာ မျက်နှာမူရ၏။
အင်္ဂလိပ်အုပ်ချုပ်ရေးခေတ်တွင် အုပ်ချုပ်ရေးအသွင်သဏ္ဍန်
ပြောင်းလဲသွားသော်လည်း မိမိတို့လူမျိုးများကား
အထက်ပိုင်းရာထူးများ မရခဲ့ကြ ။ ရှိသော်လည်း နည်းလှသည် ။
ထိုအပြင် အင်္ဂလိပ်အုပ်ချုပ်ရေးကို စိတ်ဝင်စားခြင်းမရှိကြချေ ။
သက်တမ်း၁၂၀တည်ဆောက်ခဲ့သော အင်္ဂလိပ်ခေတ်
အုပ်ချုပ်ရေးအဆောက်အအုံကား အခိုင်အမာကျန်ခဲ့၏ ။
ဂျပန်ခေတ်အုပ်ချုပ်ရေးကား ထူး၍ပြောစရာမရှိခဲ့ပေ ။
လွတ်လပ်ပြီးစ ဒီမိုကရေစီခေတ်အုပ်ချုပ်ရေးသည်
တိုင်းပြည်ထက် နိုင်ငံရေးခေါင်းဆောင်များနောက် လိုက်ကြသည်ဟု
မြင်မိသည် ။ ဖဆပလ နှစ်ခြမ်းကွဲရာတွင် ပို၍မြင်သာသည် ။
နိုင်ငံရေးမှာ တည်ငြိမ်မှုမရှိ၍အုပ်ချုပ်ရေးသည် တိုးတက်
သင့်သလောက် တိုးတက်မလာတော့ပေ ။ နောက်ပိုင်း စစ်အစိုးရ
တလျှောက်လုံး မှားယွင်းသော မူဝါဒများကို အကောင်အထည်ဖော်ရင်း
အုပ်ချုပ်ရေးဌာနများသည် အဂတိလိုက်စားမှုများသာ
ကျန်ခဲ့တော့သည် ။ လုပ်ငန်းပိုင်း မကျွမ်းကျင်မှုများအပြင်
အရာရှိဖြစ်ရေးသာ ဦးတည်လာကြပြီး ဂုဏ်သိရ်သည်လည်း
ပျောက်ဆုံးခဲ့ရသည် ။ တိုးတက်လာသည့် အုပ်ချုပ်ရေး
ပညာရပ်တို့နှင့် ဝေးကွာခဲ့ရသည် ။ ရာထူးထက် ဌာနရွေးချယ်
လာကြသည် ။ အရပ်ဘက်အုပ်ချုပ်ရေးဌာနများသည်
စစ်ဘက်အုပ်ချုပ်ရေးအောက်၌ လွတ်လပ်စွာအုပ်ချုပ်ခွင့်
မရှိခဲ့ကြပါ ။ ဖားရင်း၊ ဖိရင်း ၊ မိုးခါးရေသောက်ရင်း၊
လူမှန်နေရာမှန်ပျောက်ဆုံးသော အုပ်ချုပ်ရေးကာလဟု
ဆိုနိုင်ပါသည် ။ ယနေ့ဒီမိုကရေစီအုပ်ချုပ်ရေးသည်ပင်
စစ်အစိုးတို့၏ ယန္တယားကိုဆက်ခံခဲ့ရပြန်သည်။
NLD အစိုးရခေတ်တွင် မူအားဖြင့်ပြောင်းလဲလာသည်
ထင်ရသော်လည်း အသွင်အားဖြင့်ပြောင်းလဲရန်ကြိုးစား
နေဆဲကာလဟု ထင်မြင်ချက်ပေးရန်ရှိသည် ။
အချိန်ပေးရန်လည်း လိုလိမ့်မည် ။

ရှင်ဘုရင်ခေတ် အမှုထမ်းတို့အား မင်းလုလင်၊ မင်းခယောက်ျားများ
အဖြစ်ခေါ်ဝေါ်ကြသည် ။ ထိုဝန်ထမ်းများသည် ဘုရင်၏
အမှုတော်ကိုသာ ထမ်းကြရခြင်းကြောင့်ဖြစ်၏ ။ အင်္ဂလိပ်
အစိုးရလက်အောက်၌ အမှုထမ်းရသူတို့အား အစိုးရဝန်ထမ်းဟု
ခေါ်ခဲ့ကြသည်ကို တွေ့ရသည် ။ အင်္ဂလိပ်အစိုးရ၏ တာဝန်ကို
ထမ်းရွက်ရခြင်းကြောင့် ခေါ်ခြင်းဖြစ်ပါသည် ။ ထိုနောက်
လွတ်လပ်ပြီးစ မြန်မာနိုင်ငံ၌ အစိုးရဝန်ထမ်းအစား ပြည်သူ့ဝန်ထမ်းဟု
ပြောင်းလဲခေါ်ဆိုလာကြသည် ။ အစိုးရတရပ်အား အမှုထမ်းခြင်းမဟုတ်
ပြည်သူက သူ့၌ရှိသောအာဏာကိုပါလီမန်ဒီမိုကရေစီနည်းဖြင့်
အမတ်တို့အား ရွေးချယ်ကာ အစိုးရတရပ်ဖွဲ့၍ အုပ်ချုပ်စေခြင်းကြောင့်
ပြည်သူ့တာဝန်ကို ထမ်းရွက်ရ၍ ပြည်သူ့ဝန်ထမ်းဟု ခေါ်ဆိုရခြင်း
ဖြစ်ပါသည် ။ ထို့ကြောင့်ပြည်သူနှင့်ဝန်ထမ်းတွင် ပြည်သူသည်
အခိုင်ခံမဟုတ် စေခိုင်းသူဖြစ်ကြောင်း သိသာပါသည် ။ ထိုအပြင်
ပြည်သူသည် အုပ်ချုပ်ခံမဟုတ် အုပ်ချုပ်သူသာဖြစ်သည် ။
စစ်အစိုးရလက်ထက် အစိုးရဝန်ထမ်းစိတ်ထားကြသော်လည်း
ယနေ့ ဒီမိုကရေစီအစိုးရလက်ထက်၌ ပြည်သူ့ဝန်ထမ်းစိတ်
မွေးမြူကြရန် အထူးလိုအပ်လှသည် ။ ပြည်သူ့ဝန် မဖြစ်ရန်လဲ
အရေးကြီးလှသည် ။

ယနေ့ အရပ်သားအစိုးရ၏ အခက်အခဲသည် အုပ်ချုပ်ရေးအာဏာ
အပြည့်အဝမရခြင်းအပြင် အုပ်ချုပ်ရေးယန္တယား၏ အဆင့်
နိမ့်ကျမှုလည်းပါဝင်သည် ။ ရုံးစာရေးမှသည် အတွင်းဝန်ထိ
စစ်အာဏာရှင်စနစ်ဆိုးအောက် နှစ်ပေါင်းများစွာနေလာကြ၍
အရိုးထဲထိ စွဲမြဲနေသော ဉာဉ်ဆိုးကလည်းရှိသည် ။ ထို့အပြင် မိမိ၏
နေရာသည် မည်သည့်နေရာ၌ရှိအပ်သည်ဟု သုံးသပ်ခြင်း
မရှိဘဲ လုပ်ငန်းရောထွေးစွာဆောင်ရွက်တတ်သော နိုင်ငံရေးမှ
ပုဂ္ဂိုလ်တို့သည်လည်း အကြောင်းရင်းတခုဖြစ်သည် ။
NLD အစိုးရ၏ ပထမသက်တမ်းသည် ပြုပြင်ရေးကာလဟုသာ
သတ်မှတ်ရပါမည် ။ အုပ်ချုပ်ရေးအာဏာ တိုးရန်လိုအပ်ပြီး
လာမည့်သက်တမ်းအတွက် အစိုးရတရပ် လွတ်လွတ်ကျွတ်ကျွတ်
ဖွဲ့စည်းနိုင်မှသာ တည်ဆောက်ရေးကို သွားနိုင်မည် ။ သို့မှသာ
ပြည်သူတို့လိုချင်သော အုပ်ချုပ်ရေးယန္တယားတခုသည်လဲ
ပီပီပြင်ပြင်ပေါ်ပေါက်လာမည်ဟုထင်ပါသည် ။ ပြည်သူတို့မှ
ပေါက်ဖွားလာသော အစိုးရသည်သာ ပြည်သူတို့၏ လိုဘကို
နားလည်နိုင်မည်ဖြစ်သည် ။ ဝန်ထမ်းတ်ု့၏ဘဝသည်လည်း
ဂုဏ်သိရ်အားဖြင့်၎င်း၊ အသွင်အပြင်အားဖြင့်၎င်း ကျေနပ်မှု
ရရှိကြမည်ဟုလည်း ယုံကြည်မိသည် ။

နိုင်ငံတနိုင်ငံ၏ စီးပွားရေး၊ နိုင်ငံရေးနှင့် လူမှုရေးများကို
ခေတ်မီသည့်အဆင့်အတန်းသို့ တိုးမြှင့်ရန်လိုအပ်ပါက
ထိုနိုင်ငံ၏ အုပ်ချုပ်ရေးအဆင့်အတန်းကိုလည်း
အလားတူတိုးမြှင့်နိုင်မှသာ ကိစ္စအဝဝအောင်မြင်နိုင်ပါမည် ။
ထို့သို့ဆောင်ရွက်နိုင်ရန် စစ်တပ်အုပ်ချုပ်ရေးသည်
နိုင်ငံရေးမှ ထွက်ခွာသွားရန်လိုပါသည် ။ သမိုင်းပေးတာဝန်ဟူသော
ဂျင်းကြီးကို ပြည်သူတို့အား မပေးရန်လိုသည်။
ယနေ့ပြည်သူတို့သည် သွယ်ဝိုက်အုပ်ချုပ်ရသောဒီမိုကရေစီမှ
ကျယ်ကျယ်ပြန့်ပြန့်အုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်ထိ
ပါဝင်ပတ်သက်ရန် စိတ်အားပြင်းပြနေကြလေပြီ ။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲမှစ၍ လွတ်လပ်သောအစိုးရနှင့်
စနစ်ကျသော အုပ်ချုပ်ရေးသည်သာ ပြည်သူလူထုကို
ပေးအပ်ရန်ပင်ဖြစ်ပါသည် ။ သို့မှသာ ပြည်သူ၏အာဏာသည်
ရွေးကောက်ပွဲပေါ်၌ထင်ဟပ်ပြီး မဲပေးရခြင်း၏ အနှစ်သာရကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း မဲဆန္ဒရှင်များကိုယ်စား ရေးသားမိပါသည်။

#ဆရာဖုန်း

For Unicode

န်ိုင်ငံရေးမှ ထွက်ခွာသွားရန်လိုပါသည် ။ သမိုင်းပေးတာဝန်ဟူသော
ဂျင်းကြီးကို ပြည်သူတို့အား မပေးရန်လိုသည်။
ယနေ့ပြည်သူတို့သည် သွယ်ဝိုက်အုပ်ချုပ်ရသောဒီမိုကရေစီမှ
ကျယ်ကျယ်ပြန့်ပြန့်အုပ်ချုပ်နိုင်သော ဒီမိုကရေစီစနစ်ထိ
ပါဝင်ပတ်သက်ရန် စိတ်အားပြင်းပြနေကြလေပြီ ။
ထို့ကြောင့် လာမည့်ရွေးကောက်ပွဲမှစ၍ လွတ်လပ်သောအစိုးရနှင့်
စနစ်ကျသော အုပ်ချုပ်ရေးသည်သာ ပြည်သူလူထုကို
ပေးအပ်ရန်ပင်ဖြစ်ပါသည် ။ သို့မှသာ ပြည်သူ၏အာဏာသည်
ရွေးကောက်ပွဲပေါ်၌ထင်ဟပ်ပြီး မဲပေးရခြင်း၏ အနှစ်သာရကို
ရရှိနိုင်မည်ဖြစ်ပါကြောင်း မဲဆန္ဒရှင်များကိုယ်စား ရေးသားမိပါသည်။

#ဆရာဖုန်း

No comments:

Post a Comment