ကျနော်ဟာ
လူရိုင်းတစ်ယောက်ပါ
ယဉ်ကျေးမှုတွေနဲ့
ဘယ်တုန်းကမှ
အထာမကျဖူးတဲ့
လူပေါ့....
အမှိုက်ပုံတစ်ခုလို
အရည်မရ အဖတ်မရတွေနဲ့
ရှုတ်ပွနေတဲ့
လူလေ....
ထွက်ကျလာသမျှ
စကားလုံးတွေက
ဖရုဿဝါစာမို့
အယုတ်တမာကောင်ဆိုတဲ့
အမည်နာမကို
လက္ဖက်ရည် တစ်ဇွန်းမှ
မတိုက်ရဘဲ
ပိုင်ဆိုင်ခွင့်
ရနေတဲ့ လူပေါ့....
စုတ်ချာနေတဲ့
အိပ်မက်တွေ
ထုတ်မကြည့်ရဲလို့
ကိုယ့်ဘ၀ကို
မျိုချနေရတဲ့
လူလေ...
နေ့နဲ့ ညကြား
ကိုယ့်ကိုယ်ကို
နံပြားလို ရိုက်စားရင်း
ပရုတ်လုံးလို
လုံးပါးပါးနေတဲ့
လူပေါ့...
အူမ မတောင့်ဘူးဆိုပြီး
သီလစောင့်ဖို့
ဖာသိဖာသာ
မေ့ချင်ယောင် ဆောင်နေတတ်တဲ့
လူလေ....
အဆင်မပြေမှုတွေနဲ့
ချွတ်ခြုံကျ
သူတော်ကောင်းတရားနာပြီး
အလှူအိမ်မှာ
အသားဟင်းများများနဲ့
ထမင်းစားဖို့
စိုင်းပြင်းနေတတ်တဲ့
လူပေါ့....
မူးတတ်မှန်း သိသိကြီးနဲ့
အရသာဆိုးတဲ့သေရည်ကိုမှ
ခဏခဏ မျိုချ
ကိုယ့်ဘ၀ကို
မလျှော်ဖွတ် ချင်လို့
လောကထဲ
လုံးထွေးထည့်ထားတဲ့
စိတ်ဓာတ်တွေ
တွန့်ကြေဖုန်တက်နေတဲ့
လူလေ...
အားနာပါးနာ
အပြုံးတွေနဲ့
အားရပါးရ
ကျေနပ်နှစ်သိမ့်နေတတ်တဲ့
လူပေါ့...
ချော်လဲရောထိုင်
စာရိတ္တတွေကြား
အောင်စီဂျင်ကို
အငမ်းမရ
ရှူနေတဲ့
လူလေ..
အရေပြား
တစ်ထောက်စာကို
ဘ၀လုံးမှောက်အောင်
ယောက်ယက်ခတ်
ငတ်ကြီးကျချင်တဲ့
လူပေါ့...
.......
................
................။
ကျနော်သည်
လူသာဖြစ်၍
လူလိုမွေးဖွားကာ
လူလိုရှင်သန်
လူလိုသေတတ်ဖို့
ကြိုးစားရပါဦးမည်....။
လင်းဝေ (မုံရွာနည်းပညာတက္ကသိုလ်)
No comments:
Post a Comment