Saturday, March 1, 2014

စကားလုံးမလိုဘူး



အမေများနေ့ဆိုမှ
အလန့်တကြားထပြီး
သတိရတတ်တဲ့
အချစ်မျိုးနဲ့
အမေ့ကို
ဖေ့စ်ဘုတ်ပေါ်ကနေပဲ
ပေါ့ပေါ့လေးချစ်တဲ့အထဲ
သားမပါချင်ဘူး
အမေ

အမေ့ဆီ
လစဉ်ဖုန်းမှန်မှန်ဆက်ပြီး
အမေစိတ်ချမ်းသာအောင်နေ
အမေ
ကုသိုလ်တွေ
စိတ်အေးလက်အေး
လုပ်နိုင်ဖို့
အမေ့ကို
လုပ်ကျွေးနေတာကိုက
စကားလုံးမလိုတဲ့
အမေကိုချစ်သော
သားရဲ့
အချစ်ပါပဲ
အမေ

လင်းဝေ

No comments:

Post a Comment