Saturday, March 29, 2014

ချစ်သူရဲ့ မသိခြင်းများ



ဘယ်ခေတ်မှာ
မွေးဖွားပြီး
ဘယ်လို ရာသီဥတုမှာ
စိုက်ပျိုးခဲ့ပါသလဲ ...

အေးစက်စက် နှလုံးသားနဲ့
ပူလောင်တဲ့ သောကကို
မြိုသိပ်
.....
ငါက...
......
ရေခဲတစ်ပိုင်း
ချော်ရည်တစ်ပိုင်း
ဖြစ်နေတဲ့

ခတ်ရိုင်းရိုင်း
လူငယ်တစ်ယောက်ပါ
ချစ်သူ....

ချစ်တတ်တဲ့
အသည်းတစ်ခြမ်းနဲ့
မုန်းတတ်တဲ့
အသည်းတစ်ခြမ်း

ခတ်ကြမ်းကြမ်း
ဖမ်းဆုတ်ထားတဲ့
ဟောဒီ
လူရိုင်းကောင်မှာ

သစ္စာတရားထွန်းကားတယ်ဆိုတာ
...
မင်း
......
မမြင်ခဲ့တာလား

ချစ်သူ...

လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment