Saturday, March 29, 2014

အတ္တ




တစ်ခုခုကို ရချင်တဲ့အခါ

တစ်ခုခုကို လိုချင်တဲ့အခါ

တစ်ခုခုကို ဖြစ်ချင်တဲ့အခါ

ငါ ဆိုတဲ့ တွယ်တာမှုဟာ

ငါ့ကို အကြိမ်ကြိမ် နာကြင်စေခဲ့....

ငါ ပျော်ရွှင်ခဲ့တယ် ...

ငါ ၀မ်းနည်းခဲ့တယ် ....

ငါ ပိုင်ဆိုင်ခဲ့တယ် ....

ငါ စွန့်လွှတ်ခဲ့တယ် ...

ငါ အနိုင်ရခဲ့တယ် ....

ငါ ကျရှုံးခဲ့တယ် ....

....

ငါ ဆိုတဲ့ အသိစိတ်မှာ

ငါဟာ

အခါခါ မွန်းကြပ် ပိတ်လှောင်ခဲ့ 

တကယ်တော့

ဘ၀ဆိုတဲ့

တဒင်္ဂ ဖြစ်တည်ခွင့်လေးဟာ

ပိန်းကြာရွက်ပေါ်က

နှင်းစက်ပွင့်လေးလိုပါပဲ ...

ငါတို့ဟာ

မကြွေလွင့်ခင်

 မြင့်မြတ် ဖြူစင်နေဖို့ပဲ

မဟုတ်လားကွယ် 


လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment