Sunday, March 2, 2014

ဗိုလ်ချုပ်အောင်ဆန်းပဲ

လူတိုင်းမြတ်နိုးလောက်တဲ့
ရိုးသားမှုမျိုးနဲ့
လူတိုင်းငေးယူရလောက်တဲ့
 ပေးဆပ်မှုမျိုးနဲ့
 မြင့်မြတ်တဲ့
လူသားတစ်ယောက်ကို
 ပြစမ်းပါလို့
 မေးလိုက်တိုင်း
ကျနော့် နှလုံးသားထဲ
သူ့အလိုလို မြည်ဟိန်းနေတဲ့
နာမည်တစ်ခု ရှိတယ်
အဲဒါ
ဗိုလ်ချုပ်အောင်ဆန်းပဲ..
လင်းဝေ

No comments:

Post a Comment