သေနေတဲ့ ဖဲကို
ပွတ်ပွတ် ဆွဲနေရသလိုမျိုး
တခါတခါကျတော့
ကံတရားဆိုတဲ့ အရာကလဲ
ကျဲတိကျဲသောက်ပါပဲ
ဒီလိုနဲ့
လောကဓံ နွေခေါင်ခေါင်မှာ
ငါ့ အိပ်မက်တွေတောင်
ခြောက်လုခြောက်ခင်
ဘာပဲဖြစ်ဖြစ်
အရာရာ
ရင်ဆိုင်မယ်ဆိုတဲ့
စိတ်တစ်ခုနဲ့ပဲ
ငါ့အိပ်မက်တွေကို
ငါ
တိတ်တိတ်လေး
သိမ်းထားဖြစ်တယ်
အချစ်ရယ်
ဘ၀ဆိုတာ
နေပျော်အောင်နေပြီး
ပေါ့ပေါ့ပါးပါး
ဖြတ်သန်းပစ်လိုက်ဖို့
မဟုတ်လားကွယ်...
လင်းဝေ
No comments:
Post a Comment