Saturday, March 1, 2014

သူတို့လို မဖြစ်စေနဲ့


သူရဲပေါကြောင်တဲ့
ပညာမဲ့တဲ့
တာဝန်မဲ့တဲ့
စည်းကမ်းမဲ့တဲ့
သတ္တိနည်းတဲ့
ဇွဲမရှိတဲ့
ငါတို့ရှေ့က
လူကြီးတွေကြောင့်
ငါတို့လူငယ်တွေ
အောက်ကျ
နောက်ကျ
ဖြစ်ခဲ့ရပြီးပြီ...

ငါတို့ခေတ်မှာ
ငါတို့လူငယ်တွေ
ငါတို့ရှေ့က
လူကြီးတွေလို

သူရဲပေါ မကြောင်ဖို့
ပညာ မမဲ့ဖို့
တာဝန် မမဲ့ဖို့
စည်းကမ်း မမဲ့ဖို့
သတ္တိ မမဲ့ဖို့
ဇွဲရှိကြဖို့
လိုတယ်....

ငါတို့ခေတ်က
ငါတို့ကိုယ်တိုင်
ဖန်တီးရမယ့်ခေတ်...

ငါတို့ရဲ့
မျိုးဆက်သစ်တွေ
ငါတို့လို
အောက်ကျ
နောက်ကျ
မဖြစ်ဖို့

ငါတို့ခေတ်ကို
ငါတို့
အကောင်းဆုံး
ထားရစ်ခဲ့ရမယ်...

လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment