Saturday, March 29, 2014

ရထား..




တပတ်ပြီး တပတ်

 ဖြတ်ခဲ့ပေမယ့်

 လောကဓံမိုးတွေက

 ရွာသွန်းလို့ ကောင်းနေဆဲပဲ....

ရွှဲရွှဲစိုစိုနဲ့

 မြို့ပြရိပ်ကို

နားခိုခဲ့တဲ့

သက္ကရာဇ်တွေမှာ

ဘ၀ရဲ့

အနှစ်သာရ ဆိုတာလဲ

အပြစ်နဲ့ မာယာကြားက

 ဖူးပွင့်နိုင်ခဲတဲ့

 ကျောက်ဆစ် နှင်းဆီ


တစ်ပွင့်လိုပါပဲ..

လင်းဝေ (မုံရွာနည်းပညာ)

No comments:

Post a Comment