Saturday, March 1, 2014

“ မှန်ကန်တဲ့ ရွေးချယ်မှု ”



လူတစ်ယောက်မှာ ပညာတတ်ဖို့အရေးကြီးသလို အကြောင်းအမျိုးမျိုးကြောင့် ပညာဆိုတဲ့အရာကို မပိုင်ဆိုင်ကြပေမယ့်လည်း ၀ီရိယဆိုတဲ့ အချက်ကလေးကိုတော့ အတတ်နိုင်ဆုံး လက်ကိုင်ထားပြီး အကောင်းဆုံးကြိုးစားရင်တော့ တစ်နေ့မှာ အောင်မြင်လာမှာပါ။

ကိုယ့်ရဲ့ဘ၀ကို နေပူ၊ မိုးရွာ ရုန်းကန်လှုပ်ရှားနေရရင်လည်း စိတ်ဓာတ်မကျစေချင်ပါဘူး။ ကိုယ်ရွေးချယ်ထားတဲ့ လမ်းကြောင်းပေါ်ကို လျှောက်လှမ်းပြီဆိုရင် ဘယ်လိုအခက်အခဲ၊ ဘယ်လိုအကြောင်းအမျိုးမျိုးပဲ ကြုံ ကြုံ နောက်မဆုတ်ပါနဲ့။ ဒီနေရာကနေ ငါရှေ့ကို ဘယ်လိုတက်လှမ်းမယ်၊ ဘယ်လို ရှေ့ဆက်သွားမယ်ဆိုတာကို တွေးထားပါ။

ကိုယ်မှန်ကန်မယ်ထင်လို့ ရွေးချယ်တဲ့ အလုပ်တစ်ခုကို ဘယ်တော့မှ နောက်မဆုတ်ပါနဲ့။ ဘယ်အရာမဆို လွယ်လွယ်နဲ့အရှုံးပေးတာ မကောင်းပါဘူး။ အတတ်နိုင်ဆုံးနဲ့ အကောင်းဆုံး ကြိုးစားကြည့်ပါ။ တစ်ခုတော့ ရှိတယ်။ ကိုယ့်ဘ၀အတွက် မှန်ကန်တဲ့ ရွေးချယ်မှုတော့ ဖြစ်ပါစေ။

(ဘ၀ပြဌာန်းချက်များမှ)

No comments:

Post a Comment