Sunday, March 2, 2014

ဆုလဒ်

ဖြစ်ပြီးရင် ပျက်သွားတတ်တဲ့
လောကကြီးထဲမှာ
ဘယ်အရာကမှ
မင်းအတွက်
မကြီးကျယ်မခမ်းနားလှပါဘူး...
အောင်မြင်မှုပဲဖြစ်ဖြစ်
ကျရှုံးမှုပဲဖြစ်ဖြစ်
အရာတိုင်းဟာ
အခိုက်တန့်လေးတွေပါပဲ
ဘာပဲဖြစ်ဖြစ်
မင်းရဲ့ ကြိုးစားမှု
မင်းရဲ့ စေတနာနဲ့
ထိုက်တန်တဲ့
ဆုလဒ်တစ်ခုတော့
လောကကြီးက
မင်းကို
ပေးဖို့
သေချာပြီးသားပါ..

လင်းဝေ

No comments:

Post a Comment