Thursday, February 17, 2011

အိမ်ပြန်ခရီး

ခရမ်းပြာရောင် တိမ်တိုက်တွေနဲ့ အိမ်ပြန်ခဲ့တယ်

အမေ့အတွက် နှစ်ချို့မျက်ရည်
အဖေအတွက် ပခုံးသား တစ်ဖက်
လွမ်းလို့ရေးထားတဲ့ စာတစ်ရွက်က
အလစ်မှာ လူအခိုးခံရတယ်
ဒါတွေနဲ့ ငါပြန်ခဲ့တယ် ငါ့မြို့ဆီ

ခြေလက်တွေ မသယ်နိုင်တော့ဘူး
ဒဏ်ရာရနေကျနေရာက
ဒဏ်ရာကို ဆာလောင်တတ်မြဲမို့
ကိုယ့်ကိုယ်ကို ဖြေတွေးတွေးပြီး
အိမ်ရာဝင် ပုံပြင်တွေနဲ့ အိပ်ခဲ့တယ်

အတောင်မှာ ကိုက်ခဲထားတဲ့နှင်းပွင့်နဲ့
ကြွက်တက်နေတဲ့ အာရုံများစွာ
မြင်ကွင်းဟာ တဖြည်းဖြည်းေ၀၀ါးလာ
ေ၀၀ါးလာ
ဘာပဲဖြစ်ဖြစ်
ရောက်တော့မယ်
ငါ ပြန်ရောက်တော့မယ်
ငါ့ရဲ့ ဇာတိမြေဆီ . .
ငါမွေးဖွားရာဆီ . . .
ငါ့ရဲ့ မိခင်ဆီ . . . . .

ဈင်မင်းဧ

No comments:

Post a Comment