Monday, February 14, 2011

အရေခွံတွေနဲ့လူ....

ကျောသပ် ရင်သပ်
ထပ်ကာ ထပ်ကာ
မျက်နှာချိုသွေးသွေးပြီး
ဘ၀ကို
လှလှပပ
ချောက်ချတတ်တဲ့
လောကဓံတရားရယ်.....
အောင်မြင်မှု ကျရှုံးမှု
ပျော်ရွှင်မှု ၀မ်းနည်းမှုတွေကြား
အငိုနဲ့ အပြုံး
မျက်နှာဖုံးနှစ်ခုကို
ခဏခဏ
ပြောင်းလဲ တတ်ဆင်ထားတတ်တဲ့
မျက်နှာတစ်ခုရယ်...
သွားချင်ရာ သွားဖို့
ခြေထောက်တစ်စုံ...
လုပ်ချင်တာ လုပ်ဖို့
လက်တစ်စုံ...
ကြည့်ချင်ရာ ကြည့်ဖို့
မျက်လုံးတစ်စုံ..
ကြားချင်တာ ကြားဖို့
နားတစ်စုံ...
အောက်စီဂျင်တွေ
ရှူရှိုက်ဖို့
နှာခေါင်းတစ်စုံ...
ပြောချင်တာပြောပြီး
စားချင်တာ စားဖို့
ပါးစပ်တစ်ပေါက်...
တစ်စုံတစ်ရာကို
ထမ်းပိုးဖို့
ပုခုံးနှစ်ဖက်....
ကျနော်
ကျနော်ဟာ
ကျနော့် ဘ၀ကို ကျနော်..
ဒုက္ခတွေကြား
ဖရိုဖရဲနဲ့
ခက်ခက်ခဲခဲ
ဝတ်ဆင်ထားရဲ့..
သိတာကတော့
သိနေပါတယ်...
ဒါပေမယ့်
အန္ဓ လူ ဖြစ်နေတော့
ပူပြင်းလောင်မြိုက်မှုတွေကိုပဲ
အခါခါ တမ်းတ
ဝတ်ရုံကလေးကို
မချွတ်ပါရစေနဲ့တဲ့
ဘယ်လောက်မိုက်လိုက်သလဲ...
ကျနော့်ရဲ့
မလိမ်မိုး မလိမ္မာ
နှလုံးသားဟာလေ
ခတ်တိမ်တိမ်
ရင့်ကြတ်မှုတွေနဲ့
အဲဒီ ဒုက္ခတွေ များလွန်းတဲ့
ဘ၀ဆိုတာလေးကိုပဲ
သက်တံ ရောင်စုံတွေထင်မှတ်
မက်မက်စက်စက်
ခုံမင်တတ်ဆဲပဲလေ...

သားထက် (မုံရွာ)

No comments:

Post a Comment