Wednesday, February 23, 2011

မသိသလို နေပေးပါ

အရင်လို မင်းအနားမှာ ရှိတယ်

ကွဲကွာသွားတဲ့ မနက်ခင်းလေးတွေ
အပ်ချည်နဲ့ ချုပ်သီရင်း
စကား အဟောင်းအမြင်းများ
ရေလောင်းပေါင်းသင်ရင်း
ငါသတိရသလို သတိမရဖို့
ငါရူးမိုက်သလို မရူးမိုက်ဖို့
တတွတ်တွတ် ရွှေနားတော်သွင်းရင်း
မင်းအနားမှာ ငါရှိတယ်
မသိသလို နေပေးပါ

ဒါဟာ မသွားသင့်တဲ့ လိပ်စာ
ဒါဟာ ဒဏ်ရာသင့်မယ့် အိပ်မက်
ဒါဟာ အဆိပ်ကို ဖုံးကွယ်ထားတဲ့ နှင်းဆီ
ဒါဟာ မင်းအတွက် ခါးသက်စေမယ့် ရာသီရယ်လို့ သတိပေးရင်း
မင်းအနားမှာ ငါရှိနေတယ်
မသိသလို နေပေးပါ

စိတ်အနှောက်အယှက် ဖြစ်ပေမယ့်
စိတ်ရှုပ်ထွေးနေပေမယ့်
အနားမှာ မရှိစေချင်ပေမယ့်
မသိသလို ၊ မရှိသလို နေပေးပါ . .

အရင်လိုပဲ မင်းအနားမှာ ငါရှိနေမယ်
အဲဒါ. . .
မသိသလို နေပေးပါ

ဈင်မင်းဧ( 18-2-2011 ညတွင် သွေးပျက်စွာ ရေးပါသည်)

No comments:

Post a Comment