Friday, April 3, 2015

Unity

ညီညွတ်ဖို့အချိန်

တကယ်တော့ ဖုန်ကြားရှင်ဆိုတာ ပြည်သူတွေက ဖိတ်ခေါ်လက်ခံ မြှောက်စားထားတဲ့ ပြည်သူ့ကျေးဇူးရှင် မဟုတ်ပါဘူး ..

အစိုးရဥပဒေကောင်းရင် ကာကွယ်ရေးကောင်းရင် ဖုန်းကြားရှင်ဆိုတာ မြန်ပြည်မှာ ပေါ်လာစရာ အကြောင်းမရှိပါဘူး..

လောဘရမ္မက် အတ္တတွေနဲ့ ဆာလောင်နေတဲ့ လူတစ်စုက အကျိုးတူ ပူးပေါင်းလက်ဝါးရိုက်ပြီး လက်သပ်မွေးမြှောက်စားခဲ့တဲ့ မွေပွေးတစ်ကောင်ပါ..

ခုတော့ အဲဒီမြွေပွေးကပဲ အပြစ်မဲ့စစ်သားတွေ အပြစ်မယ့် ပြည်သူတွေကို အဆိပ် သင့်စေခဲ့တာပါပဲလေ..

လယ်ယာမြေတွေ အသိမ်းခံရတဲ့ ခံစားချက်ကို လယ်သမားတစ်ယောက်နေရက ခံစားကြည့်ပါ

လုပ်အားခတွေ ခေါင်းပုံဖြတ်ခံရတဲ့ ခံစားချက်ကို အလုပ်သမားတစ်ယောက်နေရာကနေ ခံစားကြည့်ပါ

မဖြစ်စလောက် ပညာရေးအသုံးစရိတ်လေးနဲ့ နိုင်ငံတကာနဲ့ ယှဉ်ရင် ပညာရေး အရမ်းနိမ့်ကျနေတဲ့ ကျောင်းသားတွေရဲ့ ခံစားချက်ကို ကျောင်းသားတစ်ယောက်နေရာက ခံစားကြည့်ပါ

ပြည်သူတွေ ဆင်းရဲနိမ့်ကျ မတရားဖိနှိပ်ခံနေရတာကိုမြင်နေရတဲ့ သံဃာတော်တွေရဲ့ခံစားချက်ကို သံဃာတော်တပါး နေရာကခံစားကြည့်ပါ

လယ်ယာမြေတွေ မတရား အသိမ်းမခံရရင် လယ်သမားတွေ ဆူပူစရာအကြောင်းမရှိပါဘူး

လုပ်အားခတွေ မတရား ခေါင်းပုံဖြတ်မခံရရင် အလုပ်သမားတွေ ဆူပူစရာအကြောင်းမရှိပါဘူး

ပညာရေးကို ကောင်းကောင်းမြှင့်တင်ပေးခဲ့ရင် ကျောင်းသားတွ ဆူပူစရာအကြောင်းမရှိပါဘူး

ပြည်သူတွေ အဆင်ပြေ အေးချမ်းနေကြရင် သံဃာတော်တွေလည်း ဆူပူစရာအကြောင်းမရှိပါဘူး

ဒီလိုခံစားချက်တွေကို ရင်ဖွင့်ဆူကြတာကို အကြမ်းဖက်ရိုက်နှက်ပစ်ခတ်ဖို့ လူမဆန်တဲ့ အမိန့်တွေ ပေးတဲ့အခါ ကျနော်တို့ အချင်းချင်း အမုန်းပွားရတာပါပဲ..

တကယ်တော့ စစ်သားတွေဟာ လည်း အာဏာရှင်လက်အောက်ခံတွေမို့ ပြည်သူတွေနဲ့ ဘဝတူတွေပါပဲ တကယ်တော့ အချင်းချင်း အမုန်းပွားမနေသင့်ပါဘူး
တကယ်တမ်းအမုန်းပွားရမှာက မဟုတ်တာတွေလုပ် မဟုတ်တာတွေခိုင်း ကျနော်တို့အချင်းချင်း အမုန်းပွားအောင်လုပ် တိုင်းပြည်တိုးတက်ဖို့ ဘာမှ မလုပ်ဘဲ တိုင်းပြည်ကိုရောင်းစား သူတို့မိသားစုတွေပဲ ချမ်းသာသည်ထက် ချမ်းသာအောင်ကြိုးစားနေကြတဲ့ လက်တဆုတ်စာ လူတစ်စုကိုပဲ အတူတူ မုန်းကြရမှာ ဒီလူတစ်စုပဲ ဖယ်ရှားဖို့ အတူတူ ကြိုးစားရမှာပဲ မဟုတ်လား

တုင်းပြည်တိုးတက်ဖို့ ကျနော်တယောက်ချင်းစီမှာ တာဝန်ရှိသလို
ကျနော်တို့ တစ်ယောက်ချင်းစီဟာ အရေးလည်းကြီးပါတယ်

မကောင်းမှန်းသိသိကြီးနဲ့ မကောင်းတဲ့သူတွေဖက်က ဆက်ပြီးရပ်တည်နေကြမယ်ဆိုရင် ကျနော်တို့တိုင်းပြည် ဘယ်တော့မှ ကောင်းလာနိုင်မှာ မဟုတ်ပါဘူး

ကျနော်တို့ ညီအကိုအားလုံး ညီညွတ်ကြဖို့ အချိန်တန်ပါပြီ

လင်းဝေ

No comments:

Post a Comment