Friday, April 3, 2015

သမိုင်းပျောက်ချိန်...

သမိုင်းပျောက်ချိန်...

တိုင်းပြည်ကို ရောင်းစားနေတဲ့
 လူဖျင်းလူညံ့ လူယုတ်မာတွေ
 အုပ်ချုပ်နေတဲ့ တိုင်းပြည်မှာ
 လူလာဖြစ်ရတာ
 ကျုပ်တို့
 သိပ်ကံဆိုးတာပဲ..

ကံပေါ့ဗျာ ကံပေါ့
 ကံပေါ့ဗျာ ကံပေါ့
 ကံဆိုတာလဲ အလုပ်ပဲလေ...

ဒီလို ခတ်ညံ့ညံ့ပြည်သူတွေ
 နေတဲ့
 ခေါင်းဆောင်ကောင်းကို
 မရွေးချယ် မပြောင်းလဲနိုင်သော
 ခတ် အ အ ပြည်သူတွေနေတဲ့
 တိုင်းပြည်ဟာ...
ဒီလို ခတ်ညံ့ညံ့အစိုးရ
 အုပ်ချုပ်ခံရပြီး
 မွဲသည်ထက်မွဲတာ
 မဆန်းပါဘူး..

ကားလ်မက် က ရေးခဲ့ဖူးတယ်...
 'တိုင်းပြည်တပြည်ဟာ
 အဲဒီတိုင်းပြည်မှာ
 နေထိုင်တဲ့
 ပြည်သူတွေနဲ့
 ထိုက်တန်တဲ့ အစိုးရပဲ
 ရလိမ့်မည်တဲ့ '
သိပ်မှန်တာပဲ...

ကျုပ်တို့ အ, နေ၊
 ညံ့နေ၊
 ကြောက်နေသမျှ၊
 အချောင်စိတ်ဓာတ်တွေ မွေးနေသမျှ
 သားစဉ်မြေးဆက်
 ဒီစနစ်ဆိုးနဲ့
 သူခိုးဓားပြလို အစိုးရဒဏ်ကို
 သားစဉ်မြေးဆက်
 ခံကြပေဦးတော့ပေါ့ဗျာ..

တနိုင်ငံလုံး
 အရောင်းစားခံပြီးတဲ့နောက်မှ
 တောက်တခေါက်ခေါက်နဲ့
 သားစဉ်မြေးဆက်
 အတူတူ ကမ္ဘာလှည့် ကျွန်ခံ၊
 မျက်နှာ ငယ်ငယ်နဲ့
 သူများတွေရဲ့ လက်ဝေခံ
 သူများ စွန့်ကြဲမှ စားရတဲ့
 သူတောင်းစားတွေ
 လုပ်ကြတာပေါ့...

အဲဒီကျမှ
 နောင်လာနောက်သားတွေကို
'ခု တို့နေထိုင်တဲ့
 တရုတ်ပြည်ဆိုတာကြီးဟာ
 ဟိုးရှေးရှေးတုန်းက
 သယံဇာတတွေ
 အရမ်း ပေါကြွယ်ဝခဲ့တဲ့
 မြန်မာနိုင်ငံဆိုတဲ့
 မြန်မာစာသင်ပြီး
 မြန်မာစကားတွေ
 ပြောခဲ့ကြတဲ့
 တိုင်းပြည်ကြီးပေါ့ကွယ်' ဆိုပြီး
 ဒဏ္ဍာရီဆန်ဆန်
 တရုတ်သံဝဲဝဲနဲ့
 ရင်နင့် ကြေကွဲစွာ
 ပြောကြတာပေါ့ကွာ..

တို့ ညံ့ရင်
 တို့ ပါမက
 တို့ မျိုးဆက်တလျောက်လုံး
 ခံကြရမယ်ဆိုတာ
 မင်း အိပ်ယာဝင်တိုင်း
 တွေးတွေးပြီး
 အိပ်ပေါ့ကွာ...

ဪ...
ထေရဝါဒ
တိုင်းပြည်စစ်စစ်မှာ
ကိုယ်ချင်းစာတရား
မေတ္တာတရား
ကရုဏာတရား
အမှန်တရားတွေ
ဆိတ်သုန်းလို့
ဘာကြောင့်များ
မတရားမှုတွေ
ရက်စက်မှုတွေ
အကျည်းတန်စွာ
ဖြစ်ပျက်နေရတာလဲလေ....

လင်းဝေ

No comments:

Post a Comment