Tuesday, April 7, 2015

ရုန်းထွက်ဖို့ဆိုရင်

ရုန်းထွက်ကြဖို့ဆိုရင်

ကျနော်တို့ မြန်မာပြည်က ဘာနဲ့တူနေသလဲဆိုတော့ ငယ်ငယ်က သင်ခဲ့ဖူးတဲ့ ကဗျာလေးထဲက လှည်းကလေးလိုပေါ့...
 မှတ်မိကြမယ် ထင်ပါတယ် ဇွန်ပန်းရုံအနီးက နွံထဲဘီးကျွံပြီး မရွေ့နိုင်ရှာတဲ့ လှည်းကလေးတစ်စီးကိုပေါ့..
ကျနော်တို့မြန်မာပြည်သား အားလုံးကတော့ လှည်းကလေးပေါ်လိုက်ပါလာတဲ့ ခရီးသွားဖော်တွေပေါ့ဗျာ..

လှည်းဘီးကလေး နွံထဲကျွံနေတာ့ တချို့က ဆင်းတွန်းတယ် တချို့က မဆိုင်သလိုနေတယ်...

ပြိုင်တူမတွန်းတော့ မရွေ့နိုင်သလို တက်ထိုင်နေတဲ့သူတွေကြောင့် ဘီးကလေးဟာ နွံထဲကို ကျွံသည်ထက်ကျွံနေတာပေါ့လေ...

အဲဒီလိုပါပဲ မြန်မာပြည်ဟာ စနစ်ဆိုးဆိုတဲ့ နွံအောက်မှာ ရှေ့ကိုမရွေ့နိုင်ဘဲ နွံနစ်နေတာပေါ့..

မြန်မာပြည် အနေနဲ့ သူ့နေရာနဲ့သူ ထူးချွန်သူတွေကိုပဲ နေရာပေးပြီး လူမှန်နေရာမှန်နဲ့ အတူကြိုးစားမှရတော့မယ်ဗျ
လူမှန်နေရာမှန်တွေ မရွေးနိုင်သမျှ တိုးတက်ဖို့ မလွယ်ဘူး။

ဒါဟာလည်း ကျနော် တို့ တဦးချင်းနဲ့ ဆိုင်တယ်ဗျ။

ဒါပေမယ့် လူတော်တော်များများက မဆိုင်ဘူးထင်ပြီး ရှောင်နေကြတယ် နွံထဲကျွံနေတဲ့ လှည်းဘီးကို ပြိုင်တူဆင်းမတွန်းချင်ကြဘူး။

လှည်းပေါ်မှာပဲ အခန့်သားထိုင်ပြီး တွန်းပေးမည့်သူကို စောင့်နေကြတယ်။

ဒီလိုလူတွေချည်းဆို ဘယ်တော့မှ နွံထဲက ရုန်းနိုင်မယ် မထင်ဘူး
နစ်သည်ထက်နစ်သွားမှာပဲ
ကျနော်တို့ အားလုံး ပြင်ကြဖို့ အရမ်းကို လိုနေပြီဗျ...

မိမိတတ်နိုင်တဲ့ နေရာက မိမိမှာ ရှိတဲ့ အားကလေးနဲ့ ပြိုင်တူတွန်းကြရအောင်ပါဗျာ ။
ပြိုင်တူတွန်းလျှင် ရွေ့နိုင်ပါသည်တဲ့ 
မိမိ မိသားစု မိမိပတ်ဝန်းကျင် မိမိ တိုင်းမြို့ရွာ မိမိတို့မြန်မာပြည်တိုးတက်ဖို့ဆိုတဲ့ ဦးတည်ချက်တွေ အတူတူနဲ့ပေါ့...

နှစ်သစ်မှာ မြန်မာပြည်ကြီး အမြန်အေးချမ်းပြီး တိုးတက်ပြောင်းလဲပါစေ 
မြန်မာပြည်သားအားလုံး စိတ်ဆင်းရဲ ကိုယ်ဆင်းရဲ အပေါင်းမှ လွတ်ငြိမ်းကြပါစေ..

လင်းဝေ

No comments:

Post a Comment