Thursday, April 9, 2015

စိတ်ချမ်းသာဖို့

ဘယ်အရာမှ 
သိပ်မခံစားနဲ့ 
အရာရာဟာ မမြဲခြင်းဘဲလေ
 စိတ်ချမ်းသာဖို့သာ 
အဓိကပဲမို့လား

ကိုယ်ကမှန်နေသရွေ့
ကိုယ့်လိပ်ပြာကို လုံနေသရွေ့
ဒီသံသရာမှာ
ဘာကိုမှ ကြောက်ရွံ့တုန်လှုပ်နေစရာမလိုပါဘူး....

သစ္စာတရားသည်သာ မပျက်ပြယ်နိုင်သော
ကြီးမြတ်ခြင်း ဖြစ်ပေသည်..

ကြောက်တတ်တဲ့သူဟာ 
၂ခါ သေရတတ်တယ်..

လောကကြီးကို ပေါ့ပေါ့ပါးပါး
ဖြတ်သန်းချင်တယ်ဆိုရင်
မှန်ကန် ဖြောင့်မတ်ဖို့၊
 ရဲရင့်ဖို့ နဲ့ ရိုးသားဖို့ 
လိုတယ်...

လင်းဝေ

No comments:

Post a Comment