Thursday, December 30, 2010

အမတို့ရွာ

အမတို့ရွာ
ခုနေခါ
ဘယ်လိုနေပါလိမ့်….။
မိုးမှာလည်း မရောက်
နွေမှာလည်း မပြန်နိုင်
ဆောင်းတိုင်လည်း မရောက်အား
စိမ်းကားတယ် ဆိုကြမလား…..။
ရွာဦးက စေတီ
နှင်းစီတဲ့
နတ်တော်လ
ပွဲတော်မှ
ခင်းသေးရဲ့လား….
ချောင်းထိပ်က
ကန္တာရတော
ထင်းခွေသူမှ
ပေါသေးရဲ့လား….။
စခန်းထိပ်
ထန်းရိပ်က
ညိုညို
ထန်းရေချိုမှ ထွက်သေးရဲ့လား….
ရွာတောင်က
မဂျီး (မန်းကျည်း) တန်း
ကျီးကန်းတွေမ
ှ အသိုက်လုပ်သေးရဲ့လား….။
ချောင်းထဲက
လက်ယက်တွင်း
ကျေးလက်သူဖော် တစ်သင်း
ရေခပ်မှ ဆင်းသေးရဲ့လား….
တမာရိပ်
ရွာထိပ်က
ရေချမ်းစင်
အရင်လို တည်ဆဲလား….။

ကဗျာလေးကြိုက်လို့

No comments:

Post a Comment