စက်ဘီးစီးသင်ရင်း ခဏခဏမှောက်လဲခဲ့တဲ့အဖြစ်ကို လူတိုင်းကြုံးဖူးကြမယ်ထင်တယ်။
ဒုတိယတန်းတုန်းက စက်ဘီးစီးတတ်ချင်လွန်းလို့ ဦးလေးက မသင်ပေးအားသေးဘူးပြောတာကို ဒေါကစ်ပြီး တယောက်ထဲ စက်ဘီးစီးကျင့်။ တယောက်ထဲ မှောက်လဲ။တယောက်ထဲ သတိမေ့နေခဲ့တာ မှတ်မိသေးတယ်။
လဲလိုက်မှောက်လိုက် ပြန်ပြန်ကြိုးစားလိုက်နဲ့ နောက်ဆုံးတော့ ကျွမ်းကျင်သွားတာပါပဲ။
ဘဝဆိုတာလည်းဒီလိုပါပဲ မကျွမ်းကျင်တဲ့ အလုပ်တွေမှာ အခက်အခဲတွေကို ရင်ဆိုင်ကျော်လွှားရင်း ရင့်ကျက်လာရတာပဲမဟုတ်လား။
တခုတပြီးတခု သင်စရာတွေများတဲ့ လောကကြီးဟာ တကယ်တော့ ဘယ်တော့မှ မပြီးဆုံးနိုင်တဲ့ ကျောင်းတော်ကြီးပါပဲ။
လင်းဝေ
No comments:
Post a Comment